Monday, September 24, 2012
တရုတ်နိုင်ငံတွင် စိတ်ရောဂါသည်များကို အတင်းအဓမ္မစေခိုင်းသည့် စက်ရုံတစ်ရုံကို တရားစွဲ
တရုတ်နိုင်ငံအတွင်း၌ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသူများကို မတရားခိုင်းစေသော အင်္ဂတေစက်ရုံတစ်ရုံကို အာဏာပိုင်များက တရားစွဲဆိုခဲ့ကြောင်း သိရသည်။ အဆိုပါ စက်ရုံ၌ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသူများကို နံနက် ၆ နာရီမှ စတင်၍ အန္တရာယ်ရှိသော စက်များဖြင့် အလုပ်ခိုင်းစေလျက်ရှိကြောင်း၊ ၄င်းတို့အား အခြားအစားအစာ မပါသော ခေါက်ဆွဲများကိုသာ ကျွေးမွေးလျက်ရှိကြောင်း သိရသည်။ ထို့အပြင် ၄င်းစက်ရုံရှိ အချို့အလုပ်သမားများမှာလည်း နားလေး၊ ဆွံ့အသူများ ဖြစ်ကြပြီး ၄င်းတို့သည် သန့်ရှင်းမှုမရှိသည့် ပတ်ဝန်းကျင်တွင် အလုပ်များ လုပ်ကိုင်နေရကြောင်း စက်ရုံသို့ သွားရောက်လည်ပတ်ခဲ့သည့် သတင်းထောက်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။ တရုတ်နိုင်ငံအတွင်း၌ မကြာသေးမီ ကာလများအတွင်းကလည်း စိတ်ရောဂါကု ဆေးရုံအချို့က စိတ်ဝေဒနာရှင်များကို အလုပ်ခိုင်းစေရန် စက်ရုံများသို့ ရောင်းချမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုအချိန်မှစ၍ တရုတ်အာဏာပိုင်များသည် အဆိုပါစက်ရုံများကို ပိတ်ပစ်ခြင်းနှင့် ထိရောက်စွာ နှိမ်နင်းခြင်းများကို စတင်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
khitlunge

No comments:
Post a Comment