Monday, September 24, 2012

ချယ်လ်ဆီး အသင်းနှင့် စာချုပ်သက်တမ်းတိုး ခဲ့သည့် ဒေးဗစ်လုဇ်

စာချုပ်သက်တမ်းတိုး ခဲ့သည့် ဒေးဗစ်လုဇ်
ချယ်လ်ဆီး အသင်း၏ နောက်ခံလူ ဒေးဗစ်လုဇ်သည် အသင်းနှင့် (၅)နှစ် သက်တမ်းတိုး စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ကြောင်း ချယ်လ်ဆီး အသင်းမှ အတည်ပြု ကြေငြာခဲ့သည်။
(၂၀၁၁)ခုနှစ် ဇန်န၀ါရီလတွင် ချယ်လ်ဆီး အသင်းသို့ ပြောင်းရွှေ့ကြေး ပေါင် (၂၁)သန်းဖြင့် ဘင်ဖီကာ အသင်းမှ ပြောင်းရွှေ့လာခဲ့သည့် ဒေးဗစ်လုဇ်သည် ချယ်လ်ဆီး အသင်း အတွက် (၅၅)ပွဲ ပွဲထွက် ကစားပေးထားသူ ဖြစ်သည်။
ဒေးဗစ်လုဇ်အား ခေါ်ယူရန် အတွက် ဘာစီလိုနာ အသင်းမှ ပြီးခဲ့သော အပြောင်းအရွှေ့ ကာလအတွင်း ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ချယ်လ်ဆီး အသင်းမှ ယခုလို စာချုပ်သက်တမ်းတိုး ခဲ့ခြင်းဖြစ်သည်။
“ချယ်လ်ဆီး အသင်းနဲ့ စာချုပ်သက်တမ်းတိုးနိုင်ခဲ့လို့ အရမ်းကို ပျော်ရွှင်မိပါတယ်။ ဒီအသင်းဟာ ကြီးကျယ်ခမ်းနားတဲ့ အသင်းပါ ချယ်လ်ဆီး အသင်းနဲ့အတူ ဆုဖလားတွေ အမျာကြီး ရယူဖို့ ကျွန်တော် ပစ်မှတ်ထားနေပါတယ်”ဟု ဒေးဗစ်လုဇ်မှ ပြောကြားခဲ့သည်။ 
soccer weekly

No comments:

Post a Comment