အမေရိကန်နှင့် အခြားသော နိုင်ငံပေါင်း ၂၅ နိုင်ငံတို့သည် စက်တင်ဘာ ၁၆ ရက်မှ ၂၇ ရက်အထိ ပါရှန်ပင်လယ်ကွေ့၌ မြေမြှုပ်မိုင်းဗုံးရှင်းလင်းရေးစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်မည်ဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများကစက်တင်ဘာ၁၃ရက်တွင်သတင်းထုတ်ပြန်သည်။ ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်း၍
ရေနံတင်သင်္ဘောများ
သွားလာမှုအား အီရန်နိုင်ငံက ပိတ်ဆို့မှု မပြုလုပ်စေရန် အင်အားပြသည့် အနေဖြင့်
အဆိုပါ စစ်ရေးလေ့ကျင့်မှု ကို ပြုလုပ်မည် ဖြစ်သည်။ အီရန်နိုင်ငံ၏
ရေနံပို့ကုန်များအပေါ် ပိတ်ဆို့ရန် အနောက်အုပ်စု နိုင်ငံများ၏
ခြိမ်းခြောက်ခဲ့မှု ကို တုံ့ပြန်လျက် ဟောမုဇ် ရေလက်ကြားကို ပိတ်ပစ်မည်ဟု
ယင်းနိုင်ငံက ခြိမ်းခြောက်ပြောဆိုခဲ့သည်။
khitlunge

No comments:
Post a Comment