Friday, September 14, 2012

အာဆင်နယ် ကစားသမားများအား ဘာကာမှ ၀ယ်ယူနေခြင်းမှာ အသင်းအား ဂုဏ်ပြုခြင်းဖြစ်သည်ဟု ၀င်းဂါးပြောကြား

ဘာကာအသင်းမှ မိမိတို့ကို ဂုဏ်ပြုနေသည်ဟု ဖွင့်ဟ ပြောဆိုခဲ့သည့် ၀င်းဂါး
ဘာစီလိုနာ အသင်းမှ အာဆင်နယ် ကစားသမားများအား အပြောင်းအရွှေ့ ပစ်မှတ်အဖြစ် သတ်မှတ်ထားခြင်းမှာ အသင်းအား ချီးမြှောက်ခြင်း ဖြစ်သည်ဟု ၀င်းဂါးမှ ယုံကြည်နေကြောင်း သိရသည်။
ဘာစီလိုနာ အသင်းသည် ပြီးခဲ့သော နှစ်ရာသီ အတွင်း အာဆင်နယ် အသင်း၏ ကွင်းလယ် ကစားသမား နှစ်ဦးကို ခေါ်ယူခဲ့သည့် အသင်း ဖြစ်သည်။ ၀င်းဂါးမှ အာဆင်နယ် အသင်း၏ ကစားသမားများအား ဘာစီလိုနာ အသင်းက စိတ်ဝင်စား နေခြင်းမှာ ယင်း၏ ကစားသမားများသည် သေချာစွာ သင်ယူခဲ့သည့် ကစားသမားများ ဖြစ်ပြီး ဘာစီလိုနာ အသင်း၏ ကစားဟန်နှင့် လျှင်မြန်စွာ အံဝင်နိုင်သော ကစားသမားများ ဖြစ်သည်ဟု အဓိပ္ပာယ် သက်ရောက်နေကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။
“ဘာစီလိုနာ အသင်းက ကျွန်တော်တို့ အသင်းရဲ့ ကစားသမားတွေကို စိတ်ဝင်စား နေပြီး ၀ယ်ယူနေတာက ကျွန်တော်တို့ကို ချီးမြှောက်တာပါပဲ။ အဲဒါက ကျွန်တော်တို့ ကစားသမားတွေဟာ သေချာစွာ သင်ယူခဲ့သူတွေလို့ သက်သေပြနေလို့ပါပဲ”ဟု ၀င်းဂါးမှ ပြောကြားခဲ့သည်။ 
soccer weekly

No comments:

Post a Comment