Sunday, September 30, 2012

ဒီလာရက်ဒ် - ကာဆီးလက်စ်က ဖီဖာရွှေဘောလုံးဆုနဲ့ ထိုက်တန်ပါတယ်

ဖီဖာရွှေဘောလုံးဆုနှင့် ထိုက်တန်သူဟု ဒီလာရက်ဒ်မှ သုံးသပ်ခဲ့သည့် ကာဆီးလက်စ်
ဒီလာရက်ဒ်မှ ယင်း၏ ရီးရဲလ် အသင်းဖော်ဟောင်း ကာဆီးလက်စ်သည် စပိန် နှင့် ရီးရဲလ် အသင်းများတွင် ပြုလုပ်ခဲ့သည့် စွမ်းဆောင်ရည်များကြောင့် ယခုနှစ် ဖီဖာရွှေဘောလုံးဆုကို ရရှိလိမ့်မည်ဟု သုံးသပ်ပြောဆိုခဲ့သည်။
ကာဆီးလက်စ်သည် ယမန်နှစ် ရာသီက ရီးရဲလ် အသင်းနှင့်အတူ လာလီဂါ ဆုဖလားကို ရယူနိုင်ခဲ့ပြီး စပိန် အသင်းနှင့်လည်း ယူရိုဆုဖလားကို ကာကွယ်နိုင်ခဲ့သူ ဖြစ်သောကြောင့် ယခုလို ထင်ကြေးပေး ခံရခြင်းလည်း ဖြစ်သည်။
“ကျွန်တော့် အတွက်ကတော့ ဂိုးတစ်လုံးကို ကာကွယ်မှုက ဂိုးသွင်းတာလောက် အရေးကြီးပါတယ်။ ဒါကြောင့်ပဲ ကာဆီးလက်စ်က ဖီဖာ ရွှေဘောလုံးဆု ရယူဖို့ ထိုက်တန်တာပါ”ဟု ဒီလာရက်ဒ်မှ ပြောကြားခဲ့သည်။
ဖီဖာ ရွှေဘောလုံးဆုအား ရရှိမည့်သူများ အဖြစ် ကာဆီးလက်စ်နှင့်အတူ စီရော်နယ်လ်ဒို၊ မက်ဆီ နှင့် အင်နီယေစတာတို့မှာလည်း ရေပန်းစားနေသည်။ 
soccer weekly

No comments:

Post a Comment