Thursday, September 6, 2012

ရီးရဲလ်အသင်းနှင့် ပွဲစဉ်တွင် အူစိန်ဘော့အား ထည့်သွင်းကစားရန် စီစဉ်ထားသည့် ဖာဂူဆန်

မန်ယူ နည်းပြဖာဂူဆန်သည် ကမ္ဘာ့ အမြန်ဆုံး လူသားအဖြစ် သတ်မှတ်ထားသော အူစိန်ဘော့၏ ဘောလုံးကစားချင်နေသည့် ဆန္ဒကို ဖြည့်ဆည်းပေးရန် အသင့်ဖြစ်နေပြီး ရီးရဲလ် အသင်းနှင့် ကစားမည့် ပွဲစဉ်တွင် ယင်းအား ထည့်သွင်း ကစားရန် စီစဉ်ထားကြောင်း သိရသည်။
လန်ဒန် အိုလံပစ် ပြိုင်ပွဲတွင် စံချိန်တွင် ရလာဒ်များဖြင့် ရွှေတံဆိပ်ဆုများ ရယူခဲ့သည့် အူစိန်ဘော့သည် မန်ယူ အသင်းတွင် ကစားလိုကြောင်း ဖွင့်ဟ ပြောဆိုခဲ့ပြီး နည်းပြ ဖာဂူဆန်ကလည်း ယင်းအား အသင်းသို့ ဖိတ်ကြားခဲ့ပြီး ကစားသမားများနှင့် မိတ်ဆက်ပေးခဲ့သည်။
ဖာဂူဆန်မှ အူစိန်ဘော့အား ဘောလုံး ကစားခွင့် ပေးလိုကြောင်း နှင့် ရီးရဲလ် အသင်းနှင့် ကစားရန် စီစဉ်ထားသည့် လူမှုရေး ရံပုံငွေ ပွဲတွင်း ယင်းအား ထည့်သွင်းကစားရန် စီစဉ်ထားကြောင်းဖြင့် မန်ယူ အသင်း၏ မဂ္ဂဇင်းသို့ ဖွင့်ဟ ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment