Thursday, September 6, 2012

လမ်းကြမ်းမှာစီးနိုင်ဖို့ ကားဘော်ဒီကြီးကြီး ကို ကြိုက်တယ် ဧကရီမှူးပိုင်


လူတိုင်း စိတ်ဝင် စားကြတဲ့ လူ့ အသုံးအဆောင် ပစ္စည်းတွေ ထဲမှာ ကား တစ်စီးလည်း ပါလိမ့်မယ်လို့ ထင်ပါတယ်။ မဝယ်နိုင်သည့် တိုင်အောင် လမ်းပေါ်မှာ ကားလှလှ လေးတွေ တွေ့တဲ့အခါ စိတ်ဝင်တစားနဲ့ ငေးမော ကြည့်ရှု မိတာကတော့ အမှန်ပါပဲ။
အဲဒီ့လိုပဲ Celebrity တွေကရော ကားနဲ့ပတ် သက်ပြီး ဘယ်လိုစိတ်ဝင်စား မှုတွေရှိတယ် ဆိုတာ Celebrity & Car ဆိုတဲ့ ကဏ္ဍလေးကနေ တင်ဆက်လိုက်ပါတယ်.... အခုလက်ရှိစီးနေတဲ့ကား အမျိုးအစားက Suff ကားအမျိုး အစားပါ။Model Noumber တော့ မမှတ်မိတော့ဘူး။
ညီမက မိန်းကလေးဆိုတော့ ကား အကြောင်း သိပ်မသိပေမယ့် ကား ဆိုရင်တော့ အကြမ်းခံတာကိုပိုပြီး သဘောကျတယ်။ ကားတစ်စီး ဝယ်တော့မယ်ဆိုရင်တော့ ကားရဲ့အစိတ်အပိုင်းကိုကြည့်ပြီး ဝယ်တာ ထက်စာရင် ဖေဖေနဲ့မေမေဆုံးဖြတ် ပေးတာများတယ်။ သမီးကတော့ ကားဆိုရင် အထုပ်အပိုးတွေဆန့် ရမယ်၊ ခရီးအဝေးသွားဖို့ ခရီး လမ်းကြမ်းမှာစီးနိုင်ဖို့အတွက် ကား Body ကြီးကြီးနဲ့ 4 wheel တွေဆို ရင်ပိုကြိုက်တယ်။ နိုင်ငံခြားမှာဆို ရင် ဂျေလိုစီးတဲ့ ကားအမျိုးအစား ကို ကြိုက်နှစ်သက်တယ်။
ကားနဲ့ ပတ်သက်ပြီး ကြိုက်နှစ်သက်တဲ့ ဒီဇိုင်းမျိုးဆိုရင် ပြိုင်ကား ပုံစံမျိုးလေး တွေ၊4 wheel တွေလိုမျိုးကား အမြင့်ကြီးတွေကို ပိုပြီးကြိုက် နှစ်သက်တယ်။ နောက်ပြီး သမီးက ကားထဲမှာ Accessories လေး တွေထားရတာပိုပြီးနှစ်သက်တယ်။ ကားထဲမှာရေမွှေးလေးတွေထည့်ရ တာ၊ အရုပ်လေးတွေထည့်ရတာ ပိုပြီးနှစ်သက်တယ်။ အရုပ်လေးတွေ ဆိုရင် ခပ်မိုက်မိုက် ပုံစံမျိုးလေး တွေထားရတာ ပိုပြီးနှစ်သက်တယ်။အကောင်လေးတွေ၊ နင်ဂျာပုံစံမျိုး လေးတွေဆိုရင် သမီးကားထဲမှာ ထားထားတယ်လေ။
တကယ်လို့ များသမီးရဲ့ကားပေါ်မှာ ကိုယ်ချစ် တဲ့မိသားစုကို တင်ပြီးခရီးသွား မယ်ဆိုရင်တော့ ငွေဆောင်ကမ်း ခြေကို အရမ်းသွားချင်တယ်။ နောက်ပြီး မော်လမြိုင်ခရီးစဉ် လေးတွေကို သွားချင်တယ်။ ကမ်း ခြေကိုသွားရင်း ပင်ပန်းခဲ့သမျှကို အတိုးချအပန်းဖြေရင်း မော်လမြိုင် မှာကျတော့ ဘုရားလည်းဖူး ၊ ဗဟု သုတလည်းရအောင် ကားတစီးနဲ့ အတူ မိသားစုတွေလျှောက်သွား ချင်တယ်။
ကားတစီးက လူတစ် ယောက်အတွက် မရှိမဖြစ် အရမ်း အရေးပါပါတယ်။ တစ်နေရာနဲ့ တစ်နေရာ နီးရင်တော့ လမ်း လျှောက်သွားရတာအဆင်ပြေပေ မယ့် အဝေးကြီးဆိုရင်တော့ ကား မပါရင် အဆင်မပြေနိုင်တဲ့အတွက် ကားတစီးက ပိုပြီး အရေးပါ ပါတယ်။
8 Days Journal

No comments:

Post a Comment