Saturday, September 22, 2012

စင်ကာပူနိုင်ငံမှ ချန်ဂီလေဆိပ် ကမ္ဘာ့အကောင်းဆုံး လေဆိပ်အဖြစ် ရွေးချယ်ခံရ


စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်သည် Business Traveller အမည်ရှိ ခရီးသွားမဂ္ဂဇင်း စာဖတ်ပရိသတ်များ၏ ထောက်ခံချက်ဖြင့် ကမ္ဘာ့အကောင်းဆုံး လေဆိပ်ဆုအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရကြောင်း၊ ယင်းသို့ သတ်မှတ်ခြင်းခံခဲ့ရခြင်းသည် (၂၅)ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့အကောင်းဆုံး လေဆိပ် အတွက် ပေးအပ်သည့် ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာ ၁၉ ရက်က လန်ဒန်မြို့တွင် ကျင်းပခဲ့ရာ ၄င်းဆုကို ချိန်ဂီလေဆိပ်မှ အမှုဆောင်အရာရှိ မစ္စတာ လီစွန်ဟီယမ်က လက်ခံရယူခဲ့ကြောင်း သိရသည်။ ချန်ဂီလေဆိပ်မှ ၀န်ထမ်းများသည် ခရီးသည်များ၏ လိုအပ်ချက်များကို အလေးထားဖြည့်ဆည်း၍ အကောင်းဆုံး ၀န်ဆောင်မှုများကို ပေးအပ်နိုင်ရန် လုပ်ဆောင်ခဲ့ကြောင်း မစ္စတာ လီစွန်ဟီယမ်က ပြောကြားခဲ့သည်။ ချန်ဂီလေဆိပ်သည် နှစ်ပေါင်း ၃၁ နှစ်အတွင်း ဆုပေါင်း ၄၁၀ ရရှိခဲ့ပြီး ကမ္ဘာပေါ်တွင် ဆုချီးမြှင့်ခြင်း အခံရဆုံး လေဆိပ်များအနက် တစ်ခုပါဝင်ခဲ့ကြောင်း သိရသည်။
khitlunge

No comments:

Post a Comment