Saturday, September 22, 2012

စာချုပ်သစ်အတွက် အလျှင်စလို ဆုံးဖြတ်ရန်မရှိဟု ဟန်တယ်လာဖွင့်ဟ

စာချုပ်သစ် အတွက် အချိန်ယူ စဉ်းစားမည့် ဟန်တယ်လာ
ရှော်ကေးအသင်း၏ တိုက်စစ်မှူး ဟန်တယ်လာသည် စာချုပ်သစ်ဖြင့် ကမ်းလှမ်းခြင်း ခံခဲ့ရသော်လည်း လက်မှတ်ရေးထိုးရန် အတွက် အချိန်ယူ စဉ်စားရန် စီစဉ်ထားကြောင်း သိရသည်။
ရှော်ကေး အသင်းသို့ (၂၀၁၀)ခုနှစ်တွင် ပြောင်းရွှေ့ ရောက်ရှိလာခဲ့သည့် ဟန်တယ်လာသည် (၈၇)ပွဲ ကစားပြီးချိန်တွင် (၆၄)ဂိုး သွင်းယူနိုင်သည် အထိ ခြေစွမ်းပြနေသူ ဖြစ်သည်။ ဟန်တယ်လာ ရှော်ကေးအသင်းတွင် ဆက်ရှိနေရန် ရှိမရှိနှင့် ပတ်သက်၍ ယခုလ အတွင်း သုံးသပ်ဝေဖန်မှု များစွာ ရှိခဲ့သော်လည်း ဟန်တယ်လာသည် ယင်းကိစ္စနှင့် ပတ်သက်၍ လက်ရှိအချိန်တွင် ဖြေရှင်းရန် အစီအစဉ် မရှိသေးကြောင်း သိရသည်။
“သူတို့တွေ (ရှော်ကေး အသင်းက) ကမ်းလှမ်းမှု ပြုလုပ်ထားခြင်း မရှိသေးပါဘူး။ ကျွန်တော်တို့ ပိုက်ဆံအကြောင်း တစ်ခုမှ မပြောခဲ့ပါဘူး ကျွန်တော်တို့ ပြောဆိုဆွေးနွေး ခဲ့တာက ဘောလုံးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ပါပဲ။ စာချုပ်သစ်နဲ့ ပတ်သက်ပြီး ကျွန်တော့်ကို ကျွန်တော် တိကျတဲ့ အချိန်သတ်မှတ်ထားခြင်း မရှိပါဘူး ဘာလို့လည်း ဆိုတော့ အသင်းနဲ့ ဘယ်လောက်ထိ ခရီးရောက်နိုင်လဲ ဆိုတာ စောင့်ကြည့်ချင်လို့ပါ”ဟု ဟန်တယ်လာမှ ဖွင့်ဟ ပြောဆိုခဲ့သည်။
ရှော်ကေး အသင်းသည် လာမည့် စနေနေ့တွင် ဘိုင်ယန်မြူနစ် အသင်းနှင့် ဘွန်ဒက်စ်လီဂါ ပွဲစဉ် ကစားရန် ရှိနေပြီး နှာခေါင်းရိုးကျိုး နေသည့် ဟန်တယ်လာသည် အဆိုပါ ပွဲစဉ်တွင် ပါဝင်ကစားနိုင်မည်ဟု ယုံကြည်နေပြီး အသင်းအား နိုင်ပွဲရယူပေးရန် စိတ်အားထက်သန်နေကြောင်း သိရသည်။ 
soccer weekly

No comments:

Post a Comment