Monday, September 17, 2012
ပါကစ္စတန်တွင် လမ်းဘေးဗုံးပေါက်ကွဲ ဘတ်စ်ကားခရီးသည် ၁၄ ဦးသေဆုံး
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း လိုဝါဒါးဒေသတွင် စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက ခရီးသည်တင်ကားတစ်စီးကို လမ်းဘေးဗုံးတစ်လုံး ထိမှန်ရာ ၁၄ ဦးထက်မနည်း သေဆုံးကြောင်း ဒေသဆိုင်ရာ သတင်းဌာနက ဖော်ပြသည်။ ဒေသစံတော်ချိန် နံနက် ၇ နာရီခွဲခန့်က ခရီးသ်ည ၁၅ ဦးခန့် တင်ဆောင်လာသော ကားတစ်စီးကို လိုဝါဒါးဒေသတွင် ထောင်ထားသော လမ်းဘေးဗုံး ထိမှန်ခြင်းဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်ကြောင့် ၁၄ ဦး သေဆုံး၍ အချို့ ဒဏ်ရာရရှိသွားကြောင်း၊ ယင်းခရီးသည်တင် အလုံပိတ်ကားမှာ လုံးဝပျက်စီးသွားကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။ ထိုစဉ်အတွင်း ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ မျိုးနွယ်စုများ နေထိုင်ရာ အော်ခရာဇိုင်းဒေသတွင် ယင်းနေ့နံနက် ပိုင်း၌ စစ်သွေးကြွများ ပုန်းအောင်းနေထိုင်ရာ နေရာ နှစ်နေရာတွင် စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးကို ပြုလုပ်ရာ စစ်သွေးကြွငါးဦး သေဆုံးကြောင်း သိရသည်။
khitlunge

No comments:
Post a Comment