Monday, September 17, 2012

ရီဒင်းအသင်းအား အနိုင်ရရှိခဲ့ခြင်းသည် ဖိအားများလျော့ပါးစေသည်ဟု ဘိုအာ့စ်ဖွင့်ဟ

ပထမဆုံး နိုင်ပွဲရရှိခဲ့သည့် စပါးစ်
ယခုနှစ် ဘောလုံးရာသီ၏ ပထမဆုံး နိုင်ပွဲအား ရီဒင်း အသင်းနှင့် ပွဲစဉ်တွင် ရယူနိုင်ခဲ့သည် စပါးစ် အသင်းသည် လာမည့် ပွဲစဉ်များတွင် ဖိအားကင်းစွာ ကစားနိုင်ပြီ ဖြစ်ကြောင်း နည်းပြဘိုအာ့စ်မှ ဖွင့်ဟ ပြောဆိုခဲ့သည်။
စပါးစ် အသင်းသည် ယမန်နေ့က ကစားခဲ့သည့် တန်းတက် ရီဒင်းအသင်းနှင့် ပွဲစဉ်တွင် ဒီဖိုး နှင့် ဘေးလ်တို့၏ သွင်းဂိုးများဖြင့် ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့သည်။ ရာသီအဖွင့် ပွဲစဉ် (၃)ပွဲတွင် (၂)မှတ်သာ ရယူထားနိုင်သည့် အတွက် ဖိအားအောက် ရောက်ရှိနေသည့် စပါးစ်အသင်း၏ နည်းပြသစ် ဘိုအာ့စ်အတွက် ယင်းနိုင်ပွဲမှာ ဖိအားများလျော့ပါးစေခဲ့သည်။
ဘိုအာ့စ်သည် ယခုလို နိုင်ပွဲရရှိခဲ့သည့် အတွက် ယုံကြည်မှုများ တိုးပွားလာခဲ့ပြီး လာမည့် ပွဲစဉ်များတွင် ခြေစွမ်းပိုင်းနှင့် ရလာဒ်ပိုင်းများ တိုးတက်လာမည်ဟု ယုံကြည်ကြောင်း ကြုံးဝါးပြောဆို ခဲ့သည်။ 
soccer weekly

No comments:

Post a Comment