Saturday, September 1, 2012

မိုင်ကွန်အား ခေါ်ယူနိုင်ခဲ့သည့် မန်စီးတီး

မန်စီးတီး အသင်း၏ ကစားသမားသစ် မိုင်ကွန်
ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီး အသင်းသည် အင်တာမီလန် အသင်း၏ နောက်ခံလူ မိုင်ကွန်အား အပြီးသတ် လက်မှတ်ရေးထိုး ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်သည်။
အင်တာမီလန် အသင်းတွင် (၆)နှစ်တာ ကစားခဲ့သည့် မိုင်ကွန်သည် ချန်ပီယံလိဂ် ဖလား အပါအ၀င် စီးရီးအေ ဆုဖလား (၄)လုံးကို ရယူနိုင်ခဲ့သူ ဖြစ်ကာ ယင်း၏ အသင်းဟောင်းမှ မန်စီးတီးသို့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ကြောင်းကို အတည်ပြု ပြောဆိုခဲ့သည်။
မိုင်ကွန်သည် ယခုအခါတွင် ဆရာဟောင်း ဖြစ်သူ မန်ချီနီနှင့် ပြန်လည် လက်တွဲခွင့် ရရှိခဲ့ပြီဖြစ်သည်။ မန်စီးတီး အသင်းသည် ရစ်ချက်ရိုက်၊ ဆင့်ကလဲယား နှင့် မိုင်ကွန်တို့ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်သော်လည်း ဈေးကွက်အတွင်း လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်နေဆဲ ဖြစ်ကာ ဘင်ဖီကာ ကွင်းလယ်လူ ဂါစီယာ နှင့် ဖီအိုရင်တီးနား နောက်ခံလူ နက်စ်တာဆစ်တို့အား ထပ်မံ ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။ 
soccer weekly

No comments:

Post a Comment