Saturday, September 1, 2012

မက္ကဆီကို ပင်လယ်ကွေ့တွင် ကြီးမားသော ရေနံတွင်းတစ်ခု ရှာဖွေတွေ့ရှိ


မက္ကဆီကို ပင်လယ်ကွေ့ရှိ ရေနက်ပိုင်းတွင် ရေနံပမာဏ အမြောက်အမြား ထုတ်ယူနိုင်သည့် ရေနံတွင်းကြီး တစ်ခုကို တွေ့ရှိခဲ့ကြောင်း၊ ထိုရေနံတွင်းမှ နှစ်စဉ် ရေနံ ထုတ်လုပ်မှုပမာဏ၏ သုံးပုံတစ်ပုံကို ထုတ်လုပ်နိုင်ကြောင်းမက္ကဆီကိုသမ္မတကသြဂုတ်၂၉ရက်က ကြေညာခဲ့သည်။ ရေနံတွင်းအား နိုင်ငံပိုင် ရေနံ
ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Pemex ကုမ္ပဏီက အမေရိကန် ရေပိုင်နက် နယ်နိမိတ်၏ တောင်ပိုင်း ၃၉ ကီလိုမီတာအကွာနှင့် တန်မာလီပက်ပြည်နယ် အရှေ့မြောက်ပိုင်း ၁၈၀ ကီလိုမီတာအကွာတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရေနံတွင်းမှ ရေနံပီပါပေါင်း ၁၀ ဘီလီယံကို ထုတ်ယူနိုင်ဖွယ်ရှိသည်ဟု ရေနံကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
khitlunge

No comments:

Post a Comment