အပေါ့စား လေ့ကျင့်ခန်းများ ပြုလုပ်နေသည့် ရွန်းနီ
ဖူလ်ဟမ် အသင်းနှင့် ပွဲစဉ်တွင်
ဒဏ်ရာရရှိခဲ့သည့် ရွန်းနီသည် ယမန်နေ့က ပထမဆုံး အကြိမ်အဖြစ် လေ့ကျင့်ခန်း
ပြုလုပ်လာနိုင်ခြင်း ဖြစ်သည်။ ရွန်းနီသည် အသင်း၏ ဆေးဝန်ထမ်းများ နှင့်အတူ
ကြံ့ခိုင်မှု ပြန်လည် ရရှိရန် အတွက် ယခုတစ်ပတ်လုံး လေ့ကျင့်ခဲ့ပြီး
ပြေးခြင်း၊ ဘောလုံးနှင့် အတူ ကစားခြင်း၊ လိမ်ခေါက်ခြင်းများကို
ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွန်းနီသည် မန်ယူ အသင်းနှင့် အတူ အပြည့်အဝ
လေ့ကျင့်ခန်း ပြုလုပ်နိုင်ခြင်း မရှိသေးသော်လည်း နည်းပြ ဖာဂူဆန်မှ လာမည့်
ဂါလာတာစရေး အသင်းနှင့် ချန်ပီယံလိဂ် ပွဲစဉ်တွင် ယင်းအား အရံ ကစားသမား အဖြစ်
ထည့်သွင်း အသုံးပြုနိုင်မည်ဟု ယုံကြည်နေကြောင်း သိရသည်။
soccer weekly


No comments:
Post a Comment