Monday, September 17, 2012
ပါကစ္စတန်တွင် အမေရိကန်ဦးဆောင်သော တပ်ဖွဲ့က လေကြောင်းမှ တိုက်ခိုက်၍ ၁၆ ဦးထက်မနည်း သေဆုံး
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းရှိ ကူနာနှင့် လက်ဂ်မန်းပြည်နယ်တွင် အမေရိကန်ဦးဆောင်သော တပ်ဖွဲ့က လေကြောင်းမှ တိုက်ခိုက်ရာ အမျိုးသမီးခုနစ်ဦး အပါအ၀င် ၁၆ ဦးထက်မနည်း သေဆုံးကြောင်း စက်တင်ဘာ ၁၆ ရက်က သိရသည်။ အာဖဂန်နစ္စတန် နိုင်ငံတွင် လွန်ခဲ့သောလများအတွင်းက နိုင်ငံ၏ နေရာအနှံ့တွင် အမေရိကန် ဦးဆောင်သော တပ်ဖွဲ့က လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် အရပ်သားများစွာ သေဆုံးရကြောင်း၊ အာဖဂန် အရပ်သားများအပေါ် ရက်စက် ရမ်းကားမှုများဖြစ်ကြောင်း သိရသည်။ ယင်းသို့ တိုက်ခိုက်မှုများသည် စစ်သွေးကြွများအား ပစ်မှတ်ထားကာ တိုက်ခိုက်ခြင်းဖြစ်ကြောင်း အမေရိကန်ဘက်မှ အခိုင်အမာ ပြောဆိုသည်။ သို့ရာတွင် ဒေသခံ သတင်းများတွင် ဖော်ပြချက်အရ တိုက်ခိုက်မှုများတွင် အရပ်သားများသာ အဓိကထိခိုက်နစ်နာခဲ့ရသည်။
khitlunge

No comments:
Post a Comment