ဖင်လန်နိုင်ငံတွင် ပစ်ခတ်မှုဖြစ်ပွား
ဖင်လန်နိုင်ငံ
ဟယ်လ်ဆင်ကီမြို့တွင် စက်တင်ဘာ ၃ ရက် မွန်းလွဲပိုင်းက
ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က
ပြောကြားခဲ့သည်။ အဆိုပါ ပစ်ခတ်မှုသည် ဟယ်လ်ဆင်ကီမြို့လယ်ကောင်ရှိ
အဆောက်အအုံအတွင်းဘက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့်
ဦးခေါင်း၌ ဒဏ်ရာရရှိပြီး လူတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက်တွင် သေနတ်သမားဟု ယူဆရသူတစ်ဦးအား ရဲတပ်ဖွဲ့ဝင်များက
ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းနှင့် အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍
ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
khitlunge
No comments:
Post a Comment