ပိုမိုကောင်းမွန်သည့် ကစားသမား အဖြစ် ပြန်လာမည်ဟု ၀င်းဂါးမှ ယုံကြည်နေသည့် ၀ီလ်ရှိုင်းယား
အသက် (၂၀) အရွယ်ရှိ ၀ီလ်ရှိုင်းယားသည်
ဘောလုံး ကစားခြင်းမှ (၁၄)လတာ အနားယူခဲ့ရသူ ဖြစ်ပြီး ယင်းပြန်လည်း
ကစားချိန်တွင် ယခင်က ပြသခဲ့သည့် ခြေစွမ်းမျိုး ပြန်လည် မရရှိမည်ကို
ပရိသတ်များက စိုးရိမ်နေကြခြင်း အပေါ် ၀င်းဂါးမှ ယခုလို ကတိပြု
ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“သူဟာ အကောင်းဆုံး ကစားသမား အဖြစ်
ရှိနေမှာပါ။ ဒီလိုဒဏ်ရာမျိုးကို အသက် (၂၀)အရွယ်မှာ ရခဲ့တဲ့ သူတွေဟာ ဒဏ်ရာ
ပြဿနာကို နောက်မှာ ချန်ထားခဲ့ပြီး ပုံမှန်အတိုင်း ခရီးဆက်နိုင်ပါတယ်။ အကယ်၍
(၂၅)နှစ်မှာ ဒဏ်ရာရမယ် ဆိုရင်တော့ တစ်မျိုးပေါ့ သူ့ရဲ့ အသက်အရွယ်က
ဘာပြဿနာမှ မရှိပါဘူး”ဟု ၀င်းဂါးမှ ပြောကြားခဲ့သည်။
soccer weekly

No comments:
Post a Comment