Monday, September 24, 2012

နေရူးအောက်မေ့ဖွယ်အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည်

၂၀၁၂ ခုနှစ် မေလ ၂၉ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် 
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းတို့ တွေ့ဆုံစဉ်။

အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင် နေရူးအောက်မေ့ဖွယ်အခမ်းအနားမှာ မြန်မာ့အတိုက်အခံ ခေါင်းဆောင်
 ဒေါ်အောင်ဆန်းစုကြည်က ဟောပြောဖို့ လက်ခံထားပါတယ်။ 
ဘယ်နေ့ဟောပြောမယ်ဆိုတာမကြေညာသေးပေမဲ့ နိုဝင်ဘာတတိယပတ်လောက်မှာ ဟောပြောပွဲကျင်းပဖို့ ရှိပါတယ်။
မြန်မာနိုင်ငံကိုအိန္ဒိယ၀န်ကြီးချုပ်မန်မိုဟန်ဆင်း မေလက ရောက်ရှိသွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့
ချိန်မှာ အခုလိုဟောပြောဖို့ သူကိုယ်တိုင် ဖိတ်ကြားခဲ့ပါတယ်။
နေအိမ်အကျယ်ချုပ်ကလွတ်မြောက်ပြီးနောက်ပထမဆုံး ပြည်ပခရီးစဉ်အဖြစ်ထိုင်းနိုင်ငံကို ဒေါ်အောင်ဆန်းစု
ကြည် မသွားခင်မှာ အိန္ဒိယ၀န်ကြီးချုပ်နဲ့ ရန်ကုန် ဆီဒိုးနားဟိုတယ်မှာ တွေ့ဆုံခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၂ ခုနှစ်အတွက် နိုင်ငံတကာ နားလည်မှုဆိုင်ရာ ဂျာဝါဟလာ နေရူးဆု ချီးမြှင့်ခံထားရသူ ဖြစ်ပါတယ်။
RFA

No comments:

Post a Comment