Friday, September 21, 2012

ရာနော့ချီယာ နှင့် ဂျူအန်တို့သည် အင်တာမီလန် အသင်း၏ အနာဂတ်များဖြစ်သည်ဟု နည်းပြဖြစ်သူချီးကျူး

ရာနော့ချီယာ နှင့် ဂျူအန်တို့ နှစ်ဦးကို ချီးကျူးပြောဆိုခဲ့သည့် စထရာမက်ကွီယိုနီ
အင်တာမီလန် အသင်း၏ နည်းပြ စထရာမက်ကွီယိုနီသည် အသင်း၏ နောက်တန်း ကစားသမားများ ဖြစ်သော ရာနော့ချီယာ နှင့် ဂျူအန်တို့ နှစ်ဦးကို ချီးကျူးစကားများ ပြောဆိုခဲ့ပြီး ယင်းတို့နှစ်ဦးသည် အင်တာမီလန် အသင်း၏ အနာဂတ်တွင် အားကိုးရသော နောက်တန်း ကစားသမာများ ဖြစ်လာလိမ့်မည်ဟု မှတ်ချက်ပြု ပြောဆိုခဲ့သည်။
အဆိုပါ နောက်တန်း ကစားသမား နှစ်ဦးသည် ပြီးခဲ့သော တနင်္ဂနွေနေ့က တိုရီနို အသင်းအား (၂-၀)ဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်တွင် အကောင်းဆုံး ခြေစွမ်းပြ ကစားခဲ့ပြီး နည်းပြ စထရာမက်ကွီယိုနီမှ ယင်းတို့ နှစ်ဦး၏ ခြေစွမ်းအပေါ် အရာရာ ကောင်းမွန်နေသည်ဟု ချီးကျူး ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ဂျူအန်က ဂုဏ်ပြုမှု အားလုံးနဲ့ ထိုက်တန်သလို ရာနော့ချီယာလည်း သူ့လို ချီးကျူးမှုနဲ့ ထိုက်တန်ပါတယ်။ ဂျူအန်နဲ့ အန်ဒရီတို့ နှစ်ဦးဟာ အင်တာမီလန် အသင်း အတွက် တောက်ပတဲ့ အနာဂတ်ကို ယူဆောင်ပေးမယ့် သူတွေပါ”ဟု စထရာမက်ကွီယိုနီမှ ချီးကျူး ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment