နိုင်ဂျာနိုင်ငံတွင် မကြာသေးမီက မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမှုများကြောင့် လူပေါင်း ၄၀၀၀၀၀ ကျော် ရေဘေး ဒုက္ခ ကြုံတွေ့ခဲ့ရကြောင်း စက်တင်ဘာ ၁ ရကက် သိရသည်။ အဆိုပါ လူအားလုံး တို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမှုကြောင့် နေအိမ် အဆောက်အအုံများ ပျက်စီးဆုံးရှုံးကာ အိုးမဲ့အိမ်မဲ့ ဖြစ်ပြီး ထွက်ပြေး သွားကြသူများဖြစ်ကြောင်း သိရသည်။ ရေဘေးဒုက္ခရောက်ပြီး အိုးအိမ် မဲ့ဖြစ်နေသူများကို လောလောဆယ်တွင် ၄င်းတို့၏ မိသားစုဝင်များနှင့်အတူ စာသင်ကျောင်းများအတွင်း ခေါ်ဆောင်ထားသည်ဟု ဆိုသည်။ နိုင်ဂျာနိုင်ငံတွင် မကြာသေးမီက ရေလွှမ်းမှုကြောင့် လူပေါင်း ၅၀ ခန့် သေဆုံးခဲ့ပြီး နေအိမ်ပေါင်း ၁၅၀၀၀ ကျော် ပျက်စီးခဲ့ရသည်။
khitlunge


No comments:
Post a Comment