Saturday, October 6, 2012

လိုင်စင်ဆိုင်ကယ်ထက် Black ဘီးတွေ ပိုရောင်းနေရတဲ့ နေပြည်တော်ဈေးကွက်

နေပြည်တော် ဆိုင်ကယ်ဈေးကွက်၌ တရားမ၀င်တင်သွင်းလာသော ဆိုင်ကယ်များအား လိုင်စင်ပြု လုပ်ရက် တစ်လထပ်တိုးစီမံချက်ကြောင့် လိုင်စင်မဲ့ဆိုင်ကယ်ဈေးကွက် အရောင်းအ၀ယ်မြင့်တက် နေဆဲဖြစ်ကြောင်း သိရသည်။
 
"Black ဘီးတွေက ပြီးခဲ့တဲ့ သုံးလေးလကတည်းက ရောင်းကောင်းတယ်။ လိုင်စင်လုပ်ပေးနေကြတော့ သက်သက်သာသာ စိတ်ကြိုက်ဝယ်ပြီး ကိုယ့်ဘာကိုယ် လိုင်စင်လုပ်ကြတယ်လေ။ အဲဒါကြောင့် လိုင်စင်ဘီးဈေးကွက်ထက်ကို Black ဘီးတွေက ပိုရောင်းရတယ်"ဟု နေပြည်တော် ပျဉ်းမနားတွင် ဆိုင်ကယ် ရောင်းဝယ်ရေး ပြုလုပ်နေသူ ကိုသံချောင်းက ပြောသည်။

နေပြည်တော် ဆိုင်ကယ်ဈေးကွက်တွင် တရုတ်နိုင်ငံထုတ်ဆိုင်ကယ်များ အဓိက၀င်ရောက်လျက်ရှိပြီး လက်ရှိတွင် Cyclone ဆိုင်ကယ်အမျိုးအစားမှ Kenbo နှင့် Zong Chen သည် ရောင်းအားကောင်းနေ ကြောင်း သိရသည်။
 
"အကြိုက်ချင်းတော့ မတူကြဘူးပေါ့။ အချို့ကလည်း ဆိုက်ကလုန်း ခေါင်းပုံစံပြောင်း မီးသီးသုံးလုံးနဲ့ ဟာကို ကြိုက်ကြတယ်။ လိုင်စင်နဲ့Black (လိုင်စင်မဲ့)ကလည်း လေးငါးခြောက်သောင်းလောက်ပဲ ကွာပါတယ်"ဟု နေပြည်တော် ပျဉ်းမနားမှ ကိုစိုးမင်းသူက ပြောသည်။
 
အဆိုပါ Cyclone (Kenbo) အမျိုးအစားသည် Black ဈေးကွက်၌ ကျပ် ၆ သိန်း ၃သောင်း ၀န်းကျင် ဈေးပေါက်ပြီး လိုင်စင်ဈေးကွက်တွင် ကျပ် ၇သိန်း ၂သောင်းမှ ကျပ် ၇ သိန်း ၅သောင်းအထိ ဈေးကွက် ရှိကြောင်း သိရသည်။
 
"တရုတ်က ၀င်တာ အမျိုးအစားကတော့ အများကြီးပဲ။ ဒါပေမယ့် အခုက Cyclone က ရောင်းအား ကောင်းတယ်။ Cyclone ထဲမှာတောင် Zong Chen က ရောင်းအားပိုကောင်းတယ်။"ဟု မန္တလေးမှ နေပြည်တော်တွင်း ဆိုင်ကယ်ရောင်းဝယ်နေသူတစ်ဦးက ပြောသည်။
 
 အလားတူ Black ဆိုင်ကယ်ဈေးကွက်တွင် Kenbo အမျိုးအစားမှာ ကျပ် ၅သိန်း ၂သောင်းဝန်းကျင်၊ Luojia အမျိုးအစားမှာ ၅သိန်း ၃သောင်းဝန်းကျင်၊ YinXiang အမျိုးအစားမှာ ၄သိန်း ၇သောင်းဝန်း ကျင်ဖြင့် အရောင်းအ၀ယ်ဖြစ်ပေါ်လျက်ရှိပြီး လိုင်စင်ဆိုင်ကယ်ဈေးကွက် အထက်ဖော်ပြပါ Black ဘီးများသည် အမျိုးအစားပေါ်မူတည်၍ ကျပ် ၅သောင်းမှ ၆သောင်းဝန်းကျင်သာ ဈေးကွာဟလေ့ ရှိသည်။
 
မြန်မာတစ်နိုင်ငံလုံးအနေဖြင့် တရားမ၀င်ဆိုင်ကယ်များအား ၁၉၉၉ခုနှစ်မှ ၂၀၁၂ခုနှစ်အထိ ခုနှစ်ကြိမ် လိုင်စင်များပြုလုပ်ပေးခဲ့ပြီး ယခု ၂၀၁၂ခုနှစ် ဇွန်လ (၄)ရက်နေ့မှစတင်ကာ အောက်တိုဘာလ (၄)ရက် နေ့အထိ တရားဝင်မှတ်ပုံတင်  အစီး ရေ ၈သိန်း ၉သောင်း ကျော်အား လိုင်စင်ပြုလုပ်ပေးခဲ့ပြီးနိုဝင်ဘာလ (၄)ရက်နေ့အထိ တစ်လတိုးမြှင့်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကိုကိုလတ် (မြစ်မခ)

No comments:

Post a Comment