Saturday, October 6, 2012

မကောင်းတာကို ငြင်းပယ်ပြီး ကောင်းတာကို လက်ခံနိုင်စွမ်း ရှိရမယ် ဝတ်မှုံ ရွှေရည်


လူတစ်ဦးရဲ့ အတွေး၊ အခေါ် ထင်မြင် ယူဆချက်တွေ အပေါ်မှာ အလေးအနက် ထားပြီး နားထောင် တတ်ဖို့လည်း လိုအပ်ပါတယ်။အထူးသဖြင့် ပြည်သူကိုချစ်ကြတဲ့ အနုပညာရှင်တွေနဲ့၊ အနုပညာရှင် တွေကို ချစ်ကြတဲ့ ပြည်သူတွေရဲ့ ကြား မှာ အပြန်အလှန်ပေးချင်တဲ့ Knowledges တွေရှိကြမှာမလွဲပါ ဘူး။ မီဒီယာတွေရဲ့ ထုံးစံအတိုင်းပဲ ဘယ်လို အကြောင်းအရာတွေကို ပရိသတ်တွေ သိအောင် ပြောကြား ချင်လဲလို့ အနုပညာရှင်တွေကို မေးမြန်း ကြည့်တဲ့အခါ . . . သူတို့က ဒီလိုပြောကြားခဲ့ပြန် ပါတယ် . . .

ဗဟုသုတတွေရအောင် လေ့လာတာတော့ အများကြီးပါပဲ။ အဓိကကတော့ ဗဟုသုတရဖို့ဆို တာ စာအုပ်၊ စာပေတွေ၊ ပတ်ဝန်း ကျင် ဗဟုသုတတွေ လေ့လာဖို့ အကုန်လိုအပ်တယ်၊ အသိဥာဏ် ဆိုတာလူကို အမှားအမှန်ဆုံဖြတ် ပေးတယ်၊ လူတွေနဲ့ ဆက်ဆံ တာပဲဖြစ်ဖြစ်၊ စာအုပ်ဖတ်တာ ပဲဖြစ်ဖြစ် အရာရာ တိုင်းက ကိုယ့်ကို ဗဟုသုတရစေ တယ်။ အသိပညာ ရစေတာချည်းပါပဲ။
ကစ်က မှတ်သားစရာလေး တွေပဲ ဖြစ်ဖြစ်၊ အတုယူစရာလေးတွေပဲ ဖြစ်ဖြစ် မှတ်သားတယ်။ ကောင်း တာလေး တွေမှတ်သားပြီး အတုယူ တယ်။ အတုယူမှတ်သားတတ်ရင် ကိုယ့်ကိုယ် ကိုယ်လည်း အမှားကင်း စေတယ်။ အမှား၊ အမှန်လည်း ခွဲ ခြားတတ်သွားမယ်။ စာအုပ်စာ ပေတွေ ဖတ်ရှုလေ့လာတာလည်း အမှန်အမှား၊ အကောင်းအဆိုးကို ဝေဖန်ခွဲခြားနိုင်တယ်။ ကိုယ်တိုင် တော့ အသိတရားရှိအောင် အသိနဲ့သတိထားပြီးနေတယ်။ ကိုယ်ကိုယ်တိုင် အသိတရားရ လားဆိုတာတော့ မပြောတတ်ဘူး။
ဒါပေမဲ့ ကိစ္စတစ်ခုကို မှားလား၊ မှန်လား၊ ကောင်းလား၊ မကောင်း ဘူးလားဆိုတာကိုခွဲခြားနိုင်တဲ့ အသိ တရားရှိဖို့ လိုအပ်တာပေါ့။ အကောင်းနဲ့ အဆိုးကိုခွဲခြားနိုင်စွမ်း ရှိတယ်ဆိုရင် အကောင်းနဲ့အဆိုး ကိုခွဲခြားတတ်သလိုမျိုး မကောင်း တာကိုလည်း ငြင်းပယ်နိုင်စွမ်းရှိရ မယ်။ ကောင်းတာကိုလည်း လက် ခံနိုင်စွမ်းရှိရမယ်။
8 Days Journal

No comments:

Post a Comment