Thursday, October 4, 2012

အဘီယာတီ - ဟော့ခ်ရဲ့ကန်ချက်ကြောင့် ကျွန်တော်လက်မောင်းက ခုထိနာနေတုန်းပဲ

အေစီမီလန် အသင်း၏ ဂိုးသမား ဖြစ်သူ အဘီယာတီမှ ဇင်နစ်အသင်းအား အဝေးကွင်းတွင် အနိုင်ရခဲ့သည့် ပွဲစဉ်တွင် ဂိုးပေါက်ကာကွယ်မှုများ ပြုလုပ်နိုင်ခဲ့သည့် အတွက်ပျော်ရွှင် ကျေနပ်နေကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
အသက် (၃၅)နှစ် အရွယ်ရှိ အဘီယာတီသည် အဆိုပါ ပွဲစဉ်တွင် အံ့အားသင့်ဖွယ်ရာ ဂိုးပေါက်ကာကွယ်မှု ပြုလုပ်ခဲ့ပြီး အေစီမီလန် အသင်း၏ အနိုင်အား သေချာစေခဲ့သူ ဖြစ်သည်။
“ဒုတိယပိုင်းမှာ ကျွန်တော် ပြုလုပ်ခဲ့တဲ့ ကာကွယ်မှုကို ဒီပွဲအဖြေအတွက် အရေးပါခဲ့ပါတယ်။ ကျွန်တော့်ကာကွယ်ရ အခက်ဆုံး ကန်သွင်းချက်က ဟော့ခ်ရဲ့ အလွတ်တည်ကန်ဘောပါ။ သူကဘောလုံးကို အရမ်းအပြင်းကန်သွင်းခဲ့ပါတယ် အဲဒီဘောလုံးထိသွားတဲ့ အတွက် ကျွန်တော့်လက်မောင်းက ခုထိနာနေတုန်းပါပဲ”ဟု အဘီယာတီမှ ပြောကြားခဲ့သည်။ 
soccer weekly

No comments:

Post a Comment