Thursday, October 4, 2012

အင်ဒိုနီးရှားအရှေ့ပိုင်း ကျွန်းဆွယ်တစ်ခုတွင် ဝေလငါးများ အစုလိုက်အပြုံလိုက် သောင်တင်သေဆုံး


အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း လူသူခေါင်းပါးသော ကျွန်းဆွယ်တစ်ခုတွင် ဝေလငါးအနည်းဆုံး (၄၁)ကောင်ခန့် အစုလိုက် အပြုံလိုက် သောင်တင်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်ပွားပုံမှာ အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း နူဆာတန်ဂါရာပြည်နယ်အတွင်းရှိ ဆာဗူကျွန်းဆွယ်တွင် ဝေလငါး (၄၄)ကောင်ခန့်သည် အကြောင်းအရင်း မသိရဘဲ အောက်တိုဘာ ၁ ရက်က အစုလိုက်အပြုံလိုက် သောင်တင်ခဲ့ကြသည်ဟု သိရသည်။ ယင်းဝေလငါးများကို အောက်တိုဘာ ၁ ရက် သန်းခေါင်ယံအချိန် မတိုင်မီတွင် ဒေသတွင်းရှိ ငါးဖမ်းသမားများက တွေ့ရှိခဲ့ကြပြီး တွေ့ရှိသည့်အချိန်တွင် ဝေလငါးအားလုံး အသက်ရှင်နေသေးကြောင်း ဆာဗူငါးဖမ်းလုပ်ငန်း၏ ခေါင်းဆောင်ဖြစ်သူ ဒိုမီဂက်စ်ဝီဒူဖောင်က ပြောကြားခဲ့သည်။ သို့ရာတွင် အဆိုပါ ဝေလငါးများကို အချိန်မလုံလောက်မှုကြောင့် သေဆုံးခဲ့ကြရခြင်းဖြစ်ကြောင်း၊ ယင်းငါးများအနက် အသက်ရှင်ကျန်သည့် သုံးကောင်ကို ငါးဖမ်းသမားများ၊ ရေတပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ပင်လယ်အတွင်းသို့ ပြန်လွှတ်ပေးခဲ့ရာတွင် သုံးကောင်စလုံး ကမ်းခြေသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
khitlunge

No comments:

Post a Comment