Friday, October 12, 2012

လာမည့်ငါးနှစ်အတွင်း ဒုတိယအချမ်းသာဆုံးနိုင်ငံ တရုတ်ဖြစ်လာနိုင်


တရုတ်နိုင်ငံတွင် သန်းကြွယ်သူဋ္ဌေး အရေအတွက်သည် နှစ်ဆတိုးလာနိုင်ကြောင်း လူတစ်ဦးချင်း ချမ်းသာမှုဆိုင်ရာ ကမ္ဘာ့လေ့လာမှုစစ်တမ်းတစ်ရပ်တွင် ဖော်ပြထားကြောင်း အောက်တိုဘာ ၁၁ ရက်က ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံသည် လာမည့်ငါးနှစ်တာကာလအတွင်း ဂျပန်ကိုကျော်ပြီး ကမ္ဘာ့ဒုတိယအချမ်းသာဆုံး နိုင်ငံဖြစ်လာနိုင်ကြောင်း ၄င်းအစီရင်ခံစာက ဆိုသည်။ တရုတ်နိုင်ငံတွင် ၂၀၁၂ ခုနှစ် နှစ်လယ်အထိ သန်းကြွယ်သူဋ္ဌေးဦးရေ ၉၆၄၀၀၀ ရှိရာ ၄င်းအရေအတွက်သည် လာမည့် ငါးနှစ်အတွင်း ၂၀၁၇ ခုနှစ်တွင် သူဋ္ဌေးအရေအတွက် ၁ ဒသမ ၉ သန်းအထိ ရှိလာလိမ့်မည်ဖြစ်ကြောင်း ၂၀၁၂ ကမ္ဘာ့ချမ်းသာမှုဆိုင်ရာ အစီရင်ခံစာက ဖော်ပြသည်။ နိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍ လျင်မြန်စွာ ဖွံ့ဖြိုးဆဲဖြစ်ကြောင်းလည်း ၄င်းအစီရင်ခံစာက ဖော်ပြသည်။ တရုတ်နိုင်ငံသည် လွန်ခဲ့သော ဆယ်စုနှစ်တာကာလအတွင်း အာရှပစိဖိတ်ဒေသ၌ ချမ်းသာကြွယ်ဝမှု အရင်းအမြစ် အများဆုံးရှိသည့် နိုင်ငံဖြစ်သည်။
khitlunge

No comments:

Post a Comment