Friday, October 12, 2012

ရော့ဒ်ဝဲလ် - မန်စီးတီးအသင်းမှာ အင်္ဂလိပ် ကစားသမားတွေ အခွင့်အရေးရပါတယ်

ဂျွန်ဆင်၏ ဝေဖန်မှုကို ငြင်းဆိုခဲ့သည့် ရော့ဒ်ဝဲလ်
အင်္ဂလိပ် ကစားသမားများ အနေဖြင့် မန်စီးတီး အသင်းတွင် တိုးတက်ရန် မဖြစ်နိုင်ဟု ပြောဆိုခဲ့သော အဒမ်ဂျွန်ဆင်၏ ဝေဖန်ပြောဆိုချက်ကို ရော့ဒ်ဝဲလ်မှ ငြင်းဆန်ခဲ့သည်။
ပြီးခဲ့သော သြဂုတ်လက ဆန်းဒါးလန်း အသင်းသို့ ပြောင်းရွှေ့သွားခဲ့သည့် ဂျွန်ဆင်မှ မန်စီးတီး အသင်းတွင် ပြည်ပ ကစားသမားများနှင့် ယှဉ်ပြိုင်၍ မရကြောင်းနှင့် ခြေစွမ်းတိုးတက်ရန် မဖြစ်နိုင်ကြောင်းဖြင့် ဝေဖန်ပြောဆို ခဲ့သည်။
သို့သော်လည်း အင်္ဂလိပ် ကစားသမား တစ်ဦးဖြစ်သူ ရော့ဒ်ဝဲလ်မှ အကယ်၍ သူသာ မန်စီးတီး အသင်းတွင် သူ့အတွက် အကျိုးရှိသည်ဟု မယူဆပါက အဲဗာတန် အသင်းမှ ပြောင်းရွှေ့လိမ့်မည် မဟုတ်ဟု ငြင်းဆိုခဲ့သည်။
“ကျွန်တော်က ငယ်ရွယ်တဲ့ အင်္ဂလိပ်တစ်ယောက်ပါ။ စီးတီးနဲ့ ပတ်သက်ပြီး မကောင်းပြောစရာ မရှိပါဘူး။ အကယ်၍ သူတို့သာ ခင်းဗျာကို လိုချင်ပြီး စာချုပ်ခေါ်ယူမယ် ဆိုရင် ခင်ဗျားနဲ့ ပတ်သက်ပြီး သူတို့မှာ ရည်ရွယ်ချက် ရှိလို့ပါ”ဟု ရော့ဒ်ဝဲလ်မှ ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment