Tuesday, October 23, 2012

မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေမှာ အကြမ်းဖက်မှုဖြစ်ပွား

၂၀၁၂ ခုနှစ် ဇွန်လက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် ပဋိပက္ခကြောင့် ပျက်စီးနေသည့် အိုးအိမ်များကိုတွေ့ရပုံ။

ရခိုင်ပြည်နယ် မင်းပြား နဲ့ မြောက်ဦးမြို့နယ်တွေမှာ ရခိုင်တိုင်းရင်းသားတွေ နဲ့ ရိုဟင်ဂျာတွေ အကြား ပဋိပက္ခတွေဖြစ်ပြီး အပြန်အလှန်မီးရှို့မှုတွေ ဖြစ်ခဲ့ပါတယ်။ 
မင်းပြားမြို့နယ် ပိုက်သည်ရွာမှာ မနေ့က ည ၁၀ နာရီလောက်မှာ နှစ်ဖက် ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီး နေအိမ်မီးရှို့အကြမ်းဖက်မှုတွေဖြစ်ခဲ့တာပါ။ အလားတူ ဒီကနေ့မနက်ပိုင်းမှာလည်း မင်းပြားမြို့နယ် သရက်အုပ်ကျေးရွာ နဲ့ မြောက်ဦးမြို့နယ် ပရိန်ကုန်းကျေးရွာတွေ မှာနေအိမ်မီးရှို့အကြမ်းဖက်မှု တွေ ဖြစ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းပြောတာက အဲဒီအကြမ်းဖက်မှုဖြစ်တဲ့ ကျေးရွာတွေမှာ နေအိမ် အလုံးရေ ၃၀၀ ပတ်ဝန်းကျင် မီးလောင်ကျွမ်းခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် သေဆုံးသူ ၃ ဦးလောက်ရှိတယ်လို့ပြောပါတယ်။ ရခိုင်ပြည်နယ် လွှတ်တော်အမတ် ၂ ဦးကို သက်ဆိုင်ရာ အုပ်ချုပ်ရေး မြို့မိမြို့ဖတွေ အပြင် ဒေသခံတွေနဲ့ပါ တွေ့ဆုံဆွေးနွေးပြီး အခြေအနေ ထိမ်းသိန်းနိုင်အောင် စေလွှတ်ထားတယ်လို့ ပြောပါတယ်။
တကယ်လို့ အခြေအနေ ထိမ်းသိန်းဖို့ ခက်ခဲရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းက စစ်တပ်ကို အကူအညီတောင်းခံဖို့ကိုပါ ညွှန်ကြားထားကြောင်း သိရပါတယ်။
လက်ရှိအခြေအနေတွေအရ မြောက်ဦးမြို့နယ် ပရိန်ကုန်းကျေးရွာ တစ်ဝိုက်မှာ နှစ်ဘက်တင်းမာမှုတွေ ဆက်လက်ရှိနေဆဲဖြစ်ပြီင်္း လုံခြုံရေးအင်အားတွေလည်း တိုးချဲ့ချထားတယ်လို့သိရပါတယ်။
မြောက်ဦး နဲ့မင်းပြားမြို့နယ်တွေမှာ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် (ည ၇ နာရီကနေ နံနက် ၅ နာရီအထိ) ထုတ်ပြန်ထားလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
RFA

No comments:

Post a Comment