Tuesday, October 23, 2012

အမေရိကန်နှင့် အစ္စရေး အကြီးဆုံးပူးတွဲ စစ်ရေးလေ့ကျင့်


ယခင်က ရွှေ့ဆိုင်းခဲ့ရသည့် အမေရိကန်နှင့် အစ္စရေး ဒုံးပျံကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုကို ပြန်လည် စတင်ပြုလုပ်ပြီဖြစ်ကြောင်း အောက်တိုဘာ ၂၂ ရက်က သိရသည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ဥရောပနှင့် အစ္စရေးနိုင်ငံ တစ်ဝန်းဖြန့်ကြက်ထားသော အမေရိကန်တပ်ဖွဲ့ဝင် ၃၅၀၀ နှင့် အစ္စရေးတပ်ဖွဲ့ဝင် ၁၀၀၀ တို့ပါဝင်၍ စစ်ရေးလေ့ကျင့်လျက်ရှိသည်။ ယင်းစစ်ရေးလေ့ကျင့်မှုသည် အမေရိကန်-အစ္စရေး ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် အကြီးဆုံးဖြစ်ပြီး သုံးပတ်ခန့် ကြာမြင့်နိုင်ကြောင်း၊ လွန်ခဲ့သော သီတင်းပတ် အစောပိုင်းက အမေရိကန် တပ်ဖွဲ့ဝင်များသည် ပူးတွဲစစ်ရေးလေ့ကျင့်ရန် အစ္စရေးနိုင်ငံသို့ ရောက်ရှိနေကြောင်း သိရသည်။
khitlunge

No comments:

Post a Comment