Thursday, October 25, 2012

၈၈၈၈ အထိမ်းအမှတ် ရုပ်ရှင်ကား ရိုက်ကူးမည်

၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံတွင် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းမပေါ်၌ ပြည်သူလူထု
 ထောင်ပေါင်းများစွာ စုဝေးဆန္ဒပြနေကြစဉ်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ အထိမ်းအမှတ် ၊ ရှစ်လေးလုံး နိုင်ငံရေး အပြောင်းအလဲ အကြောင်းကို အခြေခံပြီး ရိုက်ကူးမယ့် ''ချွန်စေ မြစေသော'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား အကောင်အထည်ဖော် ရိုက်ကူးသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားကို လာမယ့် (၂၀၁၃)ခုနှစ်မှာ ရိုက်ကူးသွားဖို့ ရည်ရွယ်ထားပြီး ငြိမ်းချမ်းရေးနဲ့  မိဘ၊ သားသမီး မေတ္တာ အကြောင်း အဓိကထား ရိုက်ကူးမှာ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့ချုပ်မှ ကိုညိုထွန်း (ဒါရိုက်တာ သျှိုညိုထွန်းသိမ်း)က RFAကို ပြောပါတယ်။
ဇာတ်ကားရိုက်ကူးနိုင်ရေး အတွက် အနုပညာအကြံပေး အဖွဲ့၊ ဇာတ်ညွှန်း အကြံပေး အဖွဲ့၊ သမိုင်းဆိုင်ရာ ဝတ်ဆင်ရေးအကြံပေး အဖွဲ့၊ သရုပ်ဆောင် အကြံပေး အဖွဲ့၊ သတင်းထုတ်ပြန်ရေး အဖွဲ့၊ ဆက်တင် အကြံပေး အဖွဲ့၊ ဘာသာပြန် အကြံပေး အဖွဲ့၊ တည်းဖြတ် အကြံပေး အဖွဲ့နဲ့ တေးဂီတ အကြံပေး စတဲ့ အဖွဲ့(၉) ဖွဲ့ခွဲပြီး စတင်ဆောင်ရွက် နေပြီလို့ သိရပါတယ်။
ဒီဇာတ်ကားအတွက် ဇာတ်ညွှန်းတွေ ရေးသားနေပြီး နာမည်ကြီး သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင်သစ်တွေအပြင်၊ ၈၈ အရေးအခင်းမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ကိုယ်တိုင် ပါဝင်ရိုက်ကူးဖို့ရှိပါတယ်။
RFA

No comments:

Post a Comment