ဆီရီးယားနိုင်ငံအတွင်း လွတ်ငြိမ်းချမ်းသာခွင့်ပြု
ဆီးရီးယားသမ္မတ
ဘာရှာအယ်လ်အာဆတ်သည် နိုင်ငံအတွင်း ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများအား
လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် ကြေညာချက်တစ်ရပ်ကို အောက်တိုဘာ ၂၃ ရက်တွင်
ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင် SANA သတင်းအေဂျင်စီက
ကြေညာခဲ့သည်။ သမ္မအာဆတ်သည် အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်အား အောက်တိုဘာ ၂၆
ရက်တွင် ကျရောက်မည့် ဘာသာရေးပွဲတော် အထိမ်းအမှတ်အဖြစ်
ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ရာဇ၀တ်မှုများ ကျူးလွန်မှုကြောင့်
ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများအပေါ် အကျိုးသက်ရောက်မှု ရှိမည်ဖြစ်သည်။
ထို့အပြင် ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလအာရပ်အဖွဲ့ချုပ်၏ အထူးသံတမန်
လက်(ခ်)ဟာဒါဘာရာဟီဗီကလည်း နိုင်ငံအတွင်း ဘာသာရေးပွဲတော် ကျင်းပနေစဉ်အတွင်း
အပစ်အခတ် ရပ်စဲထားကြရန် သက်ဆိုင်ရာအဖွဲ့အစည်းများကို တိုက်တွန်းခဲ့ကြောင်း
သိရသည်။
khitlunge
No comments:
Post a Comment