Thursday, October 4, 2012

ဂျိုးဟတ်အား ကမ္ဘာ့အကောင်းဆုံး ဂိုးသမားအဖြစ် ချီးကျူးခဲ့သည့် ရွန်းနီ

မန်စီးတီး အသင်းအတွက် ဂိုးပေါက်ကွာကွယ်မှု ပြုလုပ်နေသည့် ဂျိုးဟတ်
မန်ယူ အသင်း၏ တိုက်စစ်မှူးဖြစ်သူ ရွန်းနီမှ မန်စီးတီး ဂိုးသမား ဂျိုးဟတ်အား ကမ္ဘာ့ အကောင်းဆုံး ဂိုးသမားအဖြစ် ခေါ်ဝေါ်ချီးကျူးခဲ့သည်။
ဂျိုးဟတ်သည် ယမန်နေ့က ကစားခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် အကောင်းဆုံး ဂိုးပေါက်ကာကွယ်မှုများ ပြုလုပ်ခဲ့ပြီး ၎င်း၏ အသင်းအတွက် တစ်မှတ်ရရှိရန် စွမ်းဆောင်းပေး ခဲ့သူဖြစ်သောကြောင့် ရွန်းနီမှ ယခုလို ချီးကျူးခဲ့ခြင်း ဖြစ်သည်။
ရွန်းနီမှ “ဂျိုးဟတ်က မယုံကြည်နိုင်လောက်အောင် တော်တဲ့သူပါ။ ကျွန်တော့်အနေနဲ့ကတော့ သူဟာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားပါပဲ”ဟု ဂျိုးဟတ်အား ချီးကျူးပြောဆိုခဲ့သည်။ မန်စီးတီး အသင်း၏ နည်းပြဖြစ်သူ မန်ချီနီကလည်း ဂျိုးဟတ်အား အသင်းကို ကယ်ဆယ်ခဲ့သူ အဖြစ် ချီးကျူးပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment