Thursday, October 4, 2012

စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုများ ဖြစ်ပွား၍ တောင်ကိုရီးယား နျူဓာတ်ပေါင်းဖိုနှစ်ခု ပိတ်ထားရ


နည်းပညာချို့ယွင်းမှုနှင့်သက်ဆိုင်ခြင်းမရှိသောစက်ပိုင်းဆိုင်ရာချွတ်ယွင်းမှုများကြောင့် တောင်ကိုရီး
ယားနိုင်ငံရှိ နျူကလီးယား ဓာတ်ပေါင်းဖိုနှစ်ခုကို ပိတ်ထားရကြောင်း အဆိုပါ နျူကလီးယားဓာတ်ပေါင်းဖိုမှ ၀န်ထမ်းများက အောက်တိုဘာ ၂ ရက်တွင် ပြောကြားထားသည်ဟု သိရသည်။ ပိတ်ထားရသော ဓာတ်ပေါင်းဖိုနှစ်ခုအနက် တစ်ခုသည် ဘေးအန္တရာယ်ရှိသော ဓာတ်ရောင်ခြည် ပျံ့လွင့်နိုင်မည့် အန္တရာယ်ရှိကြောင်း ကိုရီးယားရေအားနှင့် နျူကလီးယားဓာတ်အားဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ ပထမပိတ်ခဲ့သော နျူကလီးယားဓာတ်ပေါင်းဖိုမှာ ဘူဆန်မြို့ရှိ ရှင်ဂိုရီ-၁ အမည်ရှိ ဓာတ်ပေါင်းဖိုဖြစ်ပြီး ဆိုးလ်မြို့တောင်ဘက် မိုင် ၂၈ အကွာတွင် တည်ရှိသည်။ ယင်းနျူကလီးယား ဓာတ်ပေါင်းဖို၏ အတွင်းပိုင်း ပေါက်ကွဲမှုဖြစ်စဉ်ကို ထိန်းချုပ်သော အထိန်းတံ၌ ပြဿနာရှိကြောင်း စုံစမ်းသိရှိရပြီးနောက်တွင် ယင်းဓာတ်ပေါင်းဖိုကို ပိတ်ထားလိုက်ခြင်းဖြစ်သည်။ ယန်ဂွမ်ဟု အမည်ရှိသည့် ဒုတိယဓာတ်ပေါင်းဖိုကို ပထမဓာတ်ပေါင်းဖိုပိတ်အပြီး နှစ်နာရီအကြာတွင် ပိတ်ခဲ့ရပြီး ယင်းဓာတ်ပေါင်းဖိုမှာ ဆိုးလ်မြို့တောင်ဘက် မိုင် ၂၂၀ အကွာ တောင်ဂျီအိုလာပြည်နယ်တွင် တည်ရှိသည်။ ယင်းဓာတ်ပေါင်းဖို၏ ဓာတ်ပေါင်းဖိုအမှတ်(၅)မှာ ရေအမှတ်နိမ့်ပါးမှုဖြစ်ခြင်းကြောင့် လည်ပတ်မှုကို ရပ်ဆိုင်းလိုက်ရကြောင်း သိရသည်။ တောင်ကိုရီးယားနိုင်ငံတွင် လည်ပတ်နေသော နျူကလီးယား ဓာတ်အားပေးစက်ရုံ ၂၃ ရုံရှိပြီး ယင်းနိုင်ငံ၏ ဓာတ်အား ထုတ်လုပ်မှုပမာဏ၏ ၃၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးလျက်ရှိကြောင်း သိရသည်။
khitlunge

No comments:

Post a Comment