Friday, October 5, 2012
ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူလာနိုင်ရန် တရုတ်နှင့်ဂျပန်တို့ ညှိနှိုင်းမှုယူသင့်
တည်ငြိမ်မှုမရှိဘဲ လှုပ်ခတ်နေသည့် ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူလာနိုင်ရေးအတွက် ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံနှစ်ခုဖြစ်သည့် တရုတ်နှင့် ဂျပန်တို့သည် ပိုင်နက်အငြင်းပွားမှုကိစ္စနှင့် ပတ်သက်၍ အိမ်နီးချင်းနိုင်ငံများဖြစ်သည့်အလျောက် သည်းခံကာ ညှိနှိုင်းမှုများ ရယူရန် လိုအပ်ကြောင်း နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF ၏ အကြီးအကဲဖြစ်သူ ခရစ္စတင်းလာဂါ့က သတိပေးပြောကြားခဲ့သည်။ IMF အဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့၏ ဆွေးနွေးပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့၌ လာမည့်သီတင်းပတ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအစည်းအဝေးပွဲတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများမှ ဘဏ်လုပ်ငန်းရှင်များ၊ NGO အဖွဲ့များနှင့် ငွေကြေးဆိုင်ရာ ပညာရှင်များ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဂျပန်နှင့် တရုတ်နိုင်ငံတို့သည် ကမ္ဘာ့စီးပွားရေးတွင် ဒုတိယနှင့် တတိယအင်အားကြီး နိုင်ငံများအဖြစ် ရပ်တည်နေကြသည်။
khitlunge

No comments:
Post a Comment