Friday, October 5, 2012

ပိုက်ဆံပိုရသည့် တိုက်စစ်မှူးလုပ်ရန် ဖခင်းဖြစ်သူမှ တိုက်တွန်းခဲ့ကြောင်း ဖယ်လ်ကာအိုဖွင့်ဟ

အက်သလက်တီကို တိုက်စစ်မှူး ဖယ်လ်ကာအိုသည် တိုက်စစ်ကစားသမား အဖြစ်ရွေးချယ် ခဲ့ရခြင်းမှာ ဖခင်ဖြစ်သူ၏ လမ်းညွှန်ချက်ကြောင့် ဖြစ်ကြောင်း ယင်း၏ဖွင့်ဟချက် အရ သိရသည်။
ဖယ်လ်ကာအိုသည် ယခုနှစ်ရာသီတွင် အကောင်းဆုံး ပုံစံရရှိနေသည့် ကစားသမားဖြစ်ပြီး လာလီဂါ ပြိုင်ပွဲတွင် သွင်းဂိုး (၇)ဂိုးရရှိထားပြီး ဂိုးအများဆုံးသွင်းသူ စာရင်းတွင် ကမ္ဘာ့ အကောင်းဆုံး ကစားသမားများ ဖြစ်ကြသည့် မက်ဆီ နှင့် စီရော်နယ်လ်ဒို အထက်တွင် ရပ်တည်နေသူ ဖြစ်သည်။
“ကျွန်တော် အဖေက ဘောလုံးကစားရင် နှလုံးသားနဲ့ ကစားဖို့၊ ရှေ့တန်းမှာ တိုက်စစ်မှူး အဖြစ်ကစားဖို့ အမြဲပြောခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ တိုက်စစ် ကစားသမားတွေက ပိုက်ဆံပိုရလို့ပါ”ဟု ဖယ်လ်ကာအိုမှ ဖွင့်ဟ ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment