Saturday, October 6, 2012

ကျူပီအာ အသင်းနှင့် ပတ်သက်သော သတင်းများကို ရက်ဒ်နပ်ငြင်းဆို

ကျူပီအာ အသင်းမှ ဆက်သွယ်ခြင်း မရှိဟု ငြင်းဆိုခဲ့သည့် ရက်ဒ်နပ်
ကျူပီအာ အသင်းမှ နည်းပြအဖြစ် ခန့်ထားရန် ဆက်သွယ်မှုများ ပြုလုပ်နေသည် ဆိုသော သတင်းများကို ရက်ဒ်နပ်မှ ငြင်းဆိုခဲ့သည်။
ကျူပီအာ အသင်းသည် (၆)ပွဲကစားပြီးချိန်တွင် (၂)မှတ်သာ ရရှိထားပြီး ဇယားအောက်ဆုံးသို့ ရောက်ရှိနေခြင်းကြောင့် လက်ရှိနည်းပြ မာ့ခ်ဟုခ်ျ၏ နေရာနှင့် ပတ်သက်၍ ထင်ကြေးပေး ပြောဆိုမှုများ ပြုလုပ်နေပြီး ရက်ဒ်နပ်ဖြင့် အစားထိုးရန် စီစဉ်နေသည်ဟု သတင်းများက ဖော်ပြနေခြင်း ဖြစ်သည်။
သို့သော်လည်း ရက်ဒ်နပ်မှ အဆိုပါ သတင်းများကို ငြင်းဆိုခဲ့သည်။ “မာ့ခ်ဟုခ်ျက ထိပ်တန်းနည်းပြ တစ်ဦးပါ။ ဘယ်သူ့ဆီကမှ ကျွန်တော်ဘာမှ မကြားခဲ့ပါဘူး”ဟု ရက်ဒ်နပ်မှ ငြင်းဆိုခဲ့သည်။
ယခုနှစ် နွေရာသီက စပါးစ် အသင်းနည်းပြ အဖြစ်မှ ထုတ်ပယ်ခြင်း ခံခဲ့ရသည့် ရက်ဒ်နပ်မှ ယင်းအား နိုင်ငံခြား ကလပ်များက ကမ်းလှမ်းမှု အချို့ပြုလုပ်ခဲ့သော်လည်း ပရီးမီးယားလိဂ်တွင်သာ နည်းပြလိုသောကြောင့် ငြင်းဆိုခဲ့ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment