Thursday, October 11, 2012

ပြည်ခိုင်ဖြိုးပါတီညီလာခံကာလ သင်္ကန်းကုန်းစည်းရုံးရေးအဖွဲ့ဝင်(၈)ဦး နှုတ်ထွက်စာတင်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီညီလာခံကျင်းပမည့်ကာလ၌ငပုတောမြို့နယ်သင်္ကန်းကုန်းကျေးရွာ
မှ ပါတီအခြေခံစည်းရုံးရေးအဖွဲ့ဝင်(၈)ဦးမှာ တိုင်းဒေသကြီး ပါတီရုံးချုပ်သို့ နှုတ်ထွက်ခွင့်တင်ထားကြောင်း သိရှိ ရသည်။
 
နှုတ်ထွက်ခွင့်တင်ထားသူ(၈)ဦးနှင့် အောက်တိုဘာလ (၁၀) ရက်နေ့ နံနက်(၈း၀၀)ကျော်ခန့်တွင်  ပုသိမ်ခရိုင် ပြည်ခိုင်ဖြိုးပါတီမှ အတွင်းရေးမှူး ဦးကျော်ကျော်နှင့်အဖွဲ့က  ငပုတောမြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ တွေ့ဆုံ မေးမြန်းမှု ပြုလုပ်မည်ဖြစ်သည်။
 
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် သင်္ကန်းကုန်းကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ၏ အခြေခံ စည်းရုံးရေး အဖွဲ့ဝင်(၈) ဦးမှာ တိုင်းဒေသကြီးပါတီရုံးသို့ နှုတ်ထွက်ခွင့်တင်ခဲ့ခြင်းဖြစ်သည်။
 
မြို့နယ်ပြည်ခိုင်ဖြိုးပါတီရဲ့ ကြိုတင်ညှိနှိုင်းမှုမရှိတဲ့ အချို့ကိစ္စရပ်တွေနဲ့၊ ပါတီသက် တစ်နှစ်သာသာရှိသေးတဲ့ မြို့နယ်အရံ အမှုဆောင်က ပါတီနဲ့သက်ဆိုင်မှုမရှိတဲ့ ဘာသာရေးကိစ္စတွေမှာ ထဲထဲဝင်ဝင်ရောထွေးနေတာတွေ က ကြာလာရင် ပါတီကိုရော ကျွန်တော်တို့ပါတီဝင်တွေကိုပါ နာမည်ပျက်လာနိုင်ပါတယ်။ ဟု နှုတ်ထွက် ခွင့်တောင်းဆိုထားသည့် အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ညီလာခံမှာ အောက်တိုဘာလ(၁၄)ရက်နေ့မှ (၁၇)ရက်နေ့အထိ   နေပြည်တော်တွင် ပြုလုပ်ကျင်းပမည်ဖြစ်သည်။
 
 “၁၉၉၃ ခုနှစ်ကစပြီး ဆောင်ရွက်လာခဲ့တဲ့ အသင်းကြီးနဲ့ ပါတီရဲ့လုပ်ငန်းတွေကို ကျောခိုင်းဖို့တော့ ဆန္ဒ မရှိခဲ့ပါဘူး။ လက်ရှိဖြစ်ပေါ်နေတဲ့ အခက်အခဲကြုံတွေ့မှုတွေက ပါတီကို စိတ်ပျက်စရာ၊၀မ်းနည်းစရာတွေ ဖြစ်ခဲ့ ရလို့ပါဟု ပါတီမှ ကော်မတီဝင်တစ်ဦးက ပြောပြသည်။
 
နှုတ်ထွက်ခွင့်တောင်းသူများအနေဖြင့် နှုတ်ထွက်စာကို ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးထံသို့ လိပ်မူပြီး၊ မိတ္တူကို ဗဟို ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး၊ ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌထံသို့လည်း အသီးသီးပေးပို့ခဲ့ထားကြောင်းကိုလည်း သိရသည်။
ဧရာဝတီဇော်မိုး(မြစ်မခ)

No comments:

Post a Comment