Thursday, October 11, 2012

ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့များ မြန်မာသို့ ငွေထုတ်ချေးနိုင်ရန် အမေရိကန် ပိတ်ဆို့မှုရုပ်သိမ်း


အမေရိကန်သမ္မတအိုဘားမားသည်ကမ္ဘာ့ဘဏ်ကဲ့သို့ နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းများအား မြန်မာ
သို့ ငွေထုတ်ချေးမှုကို အမေရိကန်က ပိတ်ဆို့အရေးယူထားမှုအား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အမေရိကန်အစိုးရသည် ယခုအခါ စစ်အုပ်ချုပ်ရေး လက်အောက်၌ ဆယ်စုနှစ်များစွာ ရှိခဲ့သော မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားမှုများ အားလုံးကို ထင်ထင်ရှားရှားပင် ရုပ်သိမ်းပြီးသလောက် ဖြစ်နေပြီဖြစ်သည်။ ပြီးခဲ့သည့် လကုန်ပိုင်းကလည်း အမေရိကန်ကွန်ဂရက်သည် အာရှဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ အပါအ၀င် ကမ္ဘာ့ဘဏ္ဍာရေး အဖွဲ့အစည်းများအား မြန်မာသို့ ငွေထုတ်ချေးပိုင်ခွင့် ပိတ်ပင်ထားခြင်းကို သမ္မတအိုဘားမားမှ အဆုံးသတ်စေနိုင်မည့် ဥပဒေကြမ်းတစ်ရပ်ကို အတည်ပြုခဲ့ပြီးဖြစ်သည်။

ကမ္ဘာ့ဘဏ်သည် ယခုအခါ အာရှဖွံ့ဖြိုးရေးဘဏ်နှင့်တွဲ၍ မြန်မာအပေါ် တင်ရှိနေသော ကြွေးကျန်
 ဒေါ်လာသန်း ၉၀၀ ခန့်ကို ဖယ်ရှားရန် ပူးတွဲလုပ်ဆောင်နေပြီး ကြွေးမြီလျှော်ပစ်ခြင်းကိစ္စ အပြီးသတ်ပါက
ယခုအမေရိကန်၏ဘဏ္ဍာရေး ဖြေလျော့မှုနှင့်အတူ၂၀၁၃ နှစ်ဆန်းပိုင်းတွင် မြန်မာသို့ ချေးငွေများ
 ပြန်ထုတ်ပေးနိုင်ရန် ပြင်ဆင်နေကြောင်း ပြောကြားထားသည်။

မြန်မာသို့ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ဘဏ်တို့၏ နောက်ဆုံး ထုတ်ချေးခဲ့သော ကြွေးမြီများမှာ ၁၉၈၀ နှောင်းပိုင်းကာလများက ဖြစ်သည်။
7 Day News

No comments:

Post a Comment