Tuesday, October 16, 2012

လွန်ခဲ့သည့်နှစ် ၉၇ သန်းမှ ၁၁၀ သန်းအကြား ရှင်သန်ကျက်စားခဲ့သည့် ပင့်ကူကျောက်ဖြစ်ရုပ်ကြွင်း မြန်မာနိုင်ငံတွင် တွေ့ရှိ


ကမ္ဘာပေါ်တွင် ဒိုင်နိုဆောများ ရှင်သန်ကျက်စားခဲ့သည့် ကာလအတွင်း နကျယ်ကောင်များကို ဖမ်းယူစားသုံးခဲ့သော အလွန်ထူးခြားပြီး ပင့်ကူကျောက်ဖြစ်ရုပ်ကြွင်း တစ်ခုကို သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်တွင် အောက်တိုဘာ ၁၄ ရက်က ဖော်ပြထားသည်။ အဆိုပါ ပင့်ကူကျောက်ဖြစ်ရုပ်ကြွင်းကို မြန်မာနိုင်ငံ ဟူကောင်းတောင်ကြားတွင် ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၄င်းပင့်ကူအထီးသည် လွန်ခဲ့သော နှစ်သန်းပေါင်း ၉၇ သန်းမှ ၁၁၀ သန်း ကြားကာလအတွင်း ရှင်သန်နေထိုင်ခဲ့သည်ဟု သိရသည်။ အဆိုပါ ကျောက်ဖြစ်ရုပ်ကြွင်းတွင် ပင့်ကူ၏ တိုက်ခိုက်မှုကို ခံရဆဲဆဲ နာကျယ်ကောင်တစ်ကောင်နှင့် ပုံမပျက်ရှိနေသေးသည့် ပင့်ကူအိမ်များကိုပါ တွေ့နိုင်သည်ဟု သိရသည်။ ၄င်းပင့်ကူသည် နကျယ်အောင်အား စားသောက်ရန် ပြင်ဆင်နေချိန် အပင်တစ်ပင်မှ ပယင်းရောင်ရှိ အစေးများ ၄င်းတို့အပေါ်သို့ စီးဆင်းလာခဲ့ခြင်းကြောင့် ပင့်ကူနှင့် နကျယ်ကောင်ပါ အဆိုပါအစေးအတွင်း ပိတ်မိပြီး နောက်ဆုံးတွင် သေဆုံး ခဲ့ဖွယ်ရှိကြောင်း အော်ရီဂွန်ပြည်နယ် တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါမောက္ခ တစ်ဦးဖြစ်သူ ဂျော့ပွိုင်းနား က ပြောကြားခဲ့သည်ဟု သိရသည်။
khitlunge

No comments:

Post a Comment