Tuesday, October 16, 2012

အစ်မ ဖြစ်သူ မင်္ဂလာဆောင်တော့မယ်ဆိုတာကြောင့် ၀မ်းနည်း ၀မ်းသာ ဖြစ်ရသူ သန္တာဗို


သန္တာဗိုက အခုလတ်တလောမှာ တော့ ကြော်ငြာ၊ဗီစီဒီ၊ ဓာတ်ပုံတွေ ရိုက်ဖြစ်နေပြီး ဖက်ရှင်ရှိုးတွေ လည်း လျှောက်ဖြစ်နေပါတယ်။ မကြာသေး မီက ပြုလုပ်ခဲ့တဲ့ မိတ်ကပ် ၊ဒီဇိုင်နာ ခင်စန်
းဝင်းပွဲ မှာလည်း မြန်မာ့ ရိုးရာ ဝတ် စုံဖြစ်တဲ့ ထိုင်မသိမ်း ဝတ်စုံ နဲ့ရှိုးလျှောက်ခဲ့တာကိုတွေ့ရပါတယ်။ ဖက်ရှင်ရှိုးတွေ အလျှောက်များပေမယ့် မြန်မာ ရိုးရာ ဝတ်စုံဖြစ်တဲ့ ထိုင်မ သိမ်း ဝတ်စုံ ဝတ်ပြီး လျှောက်ရတဲ့ ခံစားချက်ကို မြန်မာ အမျိုး သမီး တစ်ယောက် အနေနဲ့ သန္တာဗိုက ဒီလို မျိုးပြောပြခဲ့ပါတယ်။”အခုလို ထိုင် မသိမ်း ဝတ်တာက သန္တာ့ အနေနဲ့ ဝတ်ဖြစ်တာလည်းရှားတယ်။ တစ်ခါ၊ နှစ် ခါလောက်ပဲ ဝတ်ဖူးတယ်။ အခုလိုမျိုး ကိုယ့်မြန် မာတွေရဲ့ ရိုးရာဝတ်စုံကို ဝတ်ရတော့ ပိုပြီးတော့ ရင့်ကျက်တည်ငြိမ်တဲ့ အမျိုးသမီး တစ်ယောက် လိုတော့စိတ်ထဲမှာခံစားရတယ်”လို့ ပြောပါတယ်။အခုလိုမျိုး မြန်မာရိုးရာဝတ်စုံတွေကို ဒီဇိုင်းဖော်ပြီး ပြုလုပ်ပြသလာတဲ့ ပွဲတွေ များ လာတဲ့ အပေါ် မှာလည်း သန္တာဗိုက..”အခုလို မြန်မာဝတ်စုံနဲ့ပွဲတွေလုပ်တဲ့ အတွက်လည်း ဝမ်းသာတယ်။ မြန်မာပြည် မှာ မြန်မာဝတ်စုံနဲ့ ပြုလုပ်တာ အကောင်း ဆုံး လို့ ထင်တယ်။ အခုဆိုရင် မြန်မာ့ရိုးရာထိုင် မသိမ်းဝတ်စုံနဲ့ ပြတဲ့ ပွဲတွေ လည်း များလာ တော့ အဲဒါမျိုးလေးတွေကို ကြည့်ပြီးတော့ ကိုယ့် ရဲ့မြန်မာ ဝတ်စုံလည်း မပျောက်ပျက်သွား အောင် ပရိသတ်တွေ ကိုလည်း ခဏ ခဏ ချပြနေ တာ ကောင်းတယ်လို့ထင်တယ်။ နောက်ပြီးမြန်မာဝတ်စုံ ဝတ်ရတာက ရင့်ကျက်တည်ငြိမ်တဲ့ အမျိုးသမီး တစ်ယောက်လို့ ခံစားရ တယ်။ အနောက် တိုင်းဝတ်စုံနဲ့တော့မတူဘူး။ အနောက်တိုင်း ဝတ်စုံ က ပေါ့ပါးသွက်လက်တဲ့လူငယ်လိုမျိုး ဖြစ်မိတယ်”လို့ ပြောပါတယ်။အစ်မဖြစ် သူ ချောရတနာရဲ့မင်္ဂလာပွဲမှာ သန္တာဗိုက ပန်းကြဲ မှာဖြစ်တယ် လို့သိရ ပါတယ်။ အစ်မဖြစ်သူ ချောရတနာ မင်္ဂလာဆောင်တော့မှာဖြစ်တဲ့ အတွက် သန္တာဗိုက..”ဝမ်းလည်း သာတယ်။ နောက်ပြီး ဝမ်း လည်းနည်းတယ်။ ဘာဖြစ် လို့လဲဆိုတော့ ဝမ်း နည်းတာက ကိုယ်နဲ့ခွဲပြီး နေရတော့မှာဆိုတာ့ ဝမ်းနည်းမိတယ်။ ဝမ်းသာတာက သူ့ရဲ့ရှေ့ရေး အတွက် ညီမ တစ်ယောက် အနေနဲ့ ဝမ်းသာမိ တယ်”လို့ ပြောပါတယ်။
Popular facebook

No comments:

Post a Comment