Thursday, October 18, 2012

အိန္ဒိယပိုင် ကက်ရှ်မီးယားဒေသသို့ ပါကစ္စတန်တပ်ဖွဲ့ဝင်များ ပစ်ခတ်


အိန္ဒိယပိုင် ကက်ရှ်မီးယားဒေသသို့ ပါကစ္စတန်တပ်ဖွဲ့ဝင်များက အမြောက်လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ အရပ်သားသုံးဦး သေဆုံးကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားသည်။ ကက်ရှ်မီးယားဒေသ၏ အပစ်အခတ်ရပ်စဲရေး မျဉ်းကြောင်းအနီးရှိ ချာရွန်ဒါကျေးရွာအနီးတွင် အောက်တိုဘာ ၁၆ ရက်က အမြောက်ကျည်ကျရောက် ပေါက်ကွဲခဲ့ကြောင်း အိန္ဒိယကာကွယ်ရေး ၀န်ကြီးဌာနက ကြေညာချက် ထုတ်ပြန်သည်။  ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ပါကစ္စတန်အစိုးရ တာဝန်ရှိသူများက ချက်ချင်းဝေဖန်ပြောကြားခြင်း မရှိပေ။ ချာရွန်ဒါကျေးရွာကို ပါကစ္စတန်ဘက်မှ အမြောက်လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနှင့် ပါကစ္စတန် တပ်ဖွဲ့များအကြား လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ကြိုကြားကြိုကြား ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။
khitlunge

No comments:

Post a Comment