Thursday, October 18, 2012

ကိုယ့်ဖေ့စ်ဘွတ်ခ်စာမျက်နှာကို Like လုပ်တိုင်း ကိုယ့်ကို ပွေ့ဖက်သည့် ခံစားမှုပေးမည့် ဂျာကင်အင်္ကျီ ၀တ်ဆင်နိုင်တော့မည်


ဖေ့စ်ဘွတ်ခ်တွင် ကိုယ်တင်လိုက်သည့်စာသား၊ ဓာတ်ပုံ၊ ဗီဒီယို စသည်များကိုမိတ်ဆွေများက Like လုပ်သည့်အခါကိုယ့်ကိုချစ်သူခင်သူများရှိသည်ဟူသောခံစားမှုပေါ်လာကာလူကရင်ထဲတွင် နွေးထွေး
လာတတ်သည်။

ယခုအခါထိုသို့ရင်ထဲတွင် နွေးထွေးရုံသာမကမိတ်ဆွေများကLikeလုပ်တိုင်းကိုယ့်ကို ပွေ့ဖက်အားပေး
သည့်နှယ် ခံစားရမည့် ဂျာကင်အင်္ကျီကို တီထွင်လိုက်ပြီဖြစ်သည်။

ထိုဂျာကင်အင်္ကျီကို မိုဘိုင်းဖုန်းဖြင့် ကြိုးမဲ့စနစ်သုံးကာ ချိတ်ဆက်ထားရမည် ဖြစ်သည်။ ဖေ့စ်ဘွတ်ခ် မိတ်ဆွေတစ်ယောက်က ကိုယ်တင်လိုက်သည်ကို Like လုပ်တိုင်းမိုဘိုင်းဖုန်းက ဂျာကင်အင်္ကျီထံသို့ အချက်ပေးမည်ဖြစ်သည်။

ထိုအခါ ဂျာကင် အင်္ကျီသည် လေဖြင့် ပြည့်တင်းလာကာ ၀တ်ဆင်ထားသူကို ပွေ့ဖက်လိုက်သည့် ခံစားမှုမျိုး ပေးအောင် စီမံထားသည်။

မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်မှ ကျောင်းသူမလီဆာချိုးကထိုဂျာကင်ကိုဆန်းသစ်တီထွင်ခဲ့ခြင်း
 ဖြစ်သည်။

 ဝေးကွာနေသူချင်း အနီးကပ်ဆုံးရှိနေသည့်အလား ခံစားမှုပေးမည့် နည်းလမ်းများ ဖော်ထုတ်ရေး ပရောဂျက်အရတီထွင်ဆန်းသစ်မှုတစ်ခုမျှသာရှိသေးပြီး နောက်ထပ်အလားတူတီထွင်ဆန်းသစ်မှုများ
လည်း ထွက်ပေါ်လာဖွယ်ရှိကြောင်း သိရသည်။ ထိုဂျာကင်ကို Like-A-Hug ဟု အမည်ပေးထားသည်။
Planet

No comments:

Post a Comment