Wednesday, October 3, 2012

ရီးရဲလ်အသင်းနှင့် ပွဲစဉ်တွင် အံ့အားသင့်ဖွယ်ရာများ ပြုလုပ်ပြမည်ဟု ဘာဘယ်လ်ကြုံးဝါး

ရီးရဲလ်အသင်းကို အနိုင်ယူလိုနေသည့် ဘာဘယ်လ်
အေဂျက်ဇ် အသင်း၏ ကစားသမား ဘာဘယ်လ်သည် ရီးရဲလ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် ပါဝင်ကစားရန် အတွက် မစောင့်နိုင်လောက်အောင် ဖြစ်နေကြောင်း သိရသည်။
အေဂျက်ဇ် အသင်းသို့ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ ကာလတွင် ရောက်ရှိလာခဲ့သည့် ဘာဘယ်လ်မှ ရီးရဲလ် အသင်းနှင့် ကစားရမည့် ပွဲစဉ်တွင် ပရိသတ်များ အံ့အားသင့်စေမည့် အခြေအနေမျိုးကို ဖန်တီးနိုင်လိမ့်မည်ဟု ယုံကြည်နေခြင်းလည်း ဖြစ်သည်။
“ကျွန်တော်တို့ရဲ့ ပွဲဖြစ်အောင် ကြိုးစားကစားမှာပါ။ ရီးရဲလ်မက်ဒရစ် အသင်းဟာ တကယ်ကို တောင့်တင်းတဲ့ အသင်းပါ ဒါပေမယ့် သူတို့အသင်းရဲ့ အားနည်းချက်ကို ရှာဖွေပြီး ကစားမှာပါ။ ကျွန်တော်တို့သာ ထိန်းချုပ်ကစားနိုင်ခဲ့မယ် ဆိုရင် အံ့အားသင့်စရာ အခြေအနေတွေကို ဖန်တီးနိုင်မှပါ”ဟု ဘာဘယ်လ် ပြောကြားခဲ့သည်။
ဘာဘယ်လ်သည် လီဗာပူးလ် အသင်းတွင် ကစားခဲ့စဉ်က ရီးရဲလ် အသင်းနှင့် တွေ့ဆုံခဲ့ဖူးပြီး (၅-၀)ဖြင့် အနိုင်ရခဲ့သော မှတ်တမ်ကောင်း တစ်ခုရှိနေသူ ဖြစ်သည်။
soccer weekly

No comments:

Post a Comment