Wednesday, October 3, 2012

အမေရိကန် အဆင့်မြင့် နည်းပညာကုမ္ပဏီများ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဈေးကွက်သို့ ထုတ်ကုန်များပိုမိုတင်ပို့


ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံများ၌ လူလတ်တန်းစားအလွှာ လူဦးရေ ပိုမိုများပြားလာခြင်းကြောင့် ၀ယ်လိုအား တိုးလာမည်ဖြစ်ရာ အမေရိကန် အဆင့်မြင့် နည်းပညာကုမ္ပဏီများသည် ဆဲလ်ဖုန်းများ၊ တက်ဘလက် ကွန်ပျူတာများနှင့် အီလက်ထရွန်နစ် လူသုံးကုန်ပစ္စည်းများကို လာမည့်နှစ်နှစ်တာ ကာလအတွင်း တိုးမြှင့်တင်ပို့နိုင်ကြောင်း လေ့လာချက် တစ်ရပ်တွင် ဖော်ပြထားသည်။ လာမည့်သုံးနှစ်မှ ငါးနှစ်တာကာလအတွင်း အိန္ဒိယ၊ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများနှင့် အာဖရိကနိုင်ငံများသို့ အဆင့်မြင့် နည်းပညာသုံး ထုတ်ကုန်ပစ္စည်းများ တင်ပို့နိုင်မှု ၂၂ ရာခိုင်နှုန်းခန့် ပိုမိုတိုးတက်နိုင်ဖွယ်ရှိကြောင်း အမေရိကန်နိုင်ငံရှိ အဆင့်မြင့်နည်းပညာကုမ္ပဏီ ၁၂၅ ခုက ပူးတွဲပြုလုပ်သော လေ့လာချက်တစ်ရပ်တွင် ဖော်ပြသည်။ လွတ်လပ်စွာ ကုန်သွယ်မှုပြုလုပ်ရေး သဘောတူညီချက်များ ပေါ်ထွက်လာခြင်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အလုပ်သမားခ ပိုမိုမြင့်တက်လာခြင်းတို့ကြောင့် အမေရိကန် အဆင့်မြင့် နည်းပညာ ထုတ်ကုန်ပစ္စည်းများကို ပိုမိုတင်ပို့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
khitlunge

No comments:

Post a Comment