Wednesday, October 31, 2012

ဒူးခွဲစိတ်မှုကြောင့် (၄)လမျှ အနား ယူရတော့မည့် ရစ်ချတ်

ညာဒူးတွင် ဒဏ်ရာ ရသွားသည့် ရစ်ချတ်

မန်ချက်စတာ စီးတီး နောက်ခံလူ မီကာရစ်ချတ်သည် ဒဏ်ရာကြောင့် (၄)လကြာ အနား ယူရတော့မည်ဟု သိရှိရသည်။
အင်္ဂလန် ညာနောက်ခံ ကစားသမားသည် ညာဒူးတွင် ဒဏ်ရာ ရသွားခြင်းကြောင့် ခွဲစိတ်မှု ခံယူခဲ့ရပြီး ဖေဖော်ဝါရီလထိ အနားယူရန် အကြောင်းဖန်လာခြင်း ဖြစ်သည်။ ဆွမ်ဆီးကို (၁-၀)ဖြင့် အနိုင်ရသော ပွဲစဉ်တွင် ဒူးဒဏ်ရာ ရရှိခဲ့သည့်နောက် အထူးကု ဆရာဝန်နှင့် ပြသရာ ဆရာဝန်က ၎င်းကို ခွဲစိတ်မှု ခံယူရန် ထောက်ခံ တိုက်တွန်းခဲ့သည်။ အသင်းက ရစ်ချတ်အား အစောတလျင်ပင် ခွဲစိတ်ကုသ စေခဲ့ပြီးနောက် ၎င်းသည် ခွဲစိတ်ဒဏ်ရာ အရှင်းပျောက်သည် အထိ အနားယူရန် လိုအပ်လာခဲ့သည်။
ရစ်ချတ်က "ကျွန်တော် (၂၀၁၃)ခုနှစ်၊ ဖေဖော်ဝါရီလထိ နားရမှာပါ။ သတင်းကောင်းကတော့ ဒဏ်ရာဟာ အလိုလို ပြန်ကျက်ပြီး ဒူးဟာ လုံးဝ အကောင်းပကတိ ပြန်ဖြစ်သွားမယ် ဆိုတာပါပဲ"ဟု အသင်းပိုင် ဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။ ၎င်းက "ကျွန်တော် လောလောဆယ်တော့ ချိုင်းထောက်နဲ့ လမ်းလျှောက်နေရပါတယ်။ (၄)လလောက် နားပြီးရင်တော့ ပြန်ကစားနိုင်မှာပါ။ ပွဲစဉ်တွေနဲ့ ကာလတော်တော်ကြာ ကင်းကွာနေရပေမယ့် ကျွန်တော့် ဒဏ်ရာဟာ တော်တော်ဆိုးခဲ့တယ် ဆိုတာကို နားလည်ထားပါတယ်။ ဒူးက ခေါက်သွားပြီး ဒါကို ပြန်တည့်လို့ မရဘူး"ဟုလည်း ဆိုသည်။
မန်စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီသည် လက်ရှိ ပုံစံကောင်း ရနေသည့် ရစ်ချတ်ကို လက်လွှတ်ထားရသည့်နောက် ပက်ဘလို ဇာဘလက်တာကို အသုံးပြုရဖွယ် ရှိနေသည်။ အင်တာမီလန်မှ ပြောင်းရွှေ့လာသည့် ဘရာဇီးလ် ညာနောက်ခံလူ ဒေါက်ဂလက်စ် မိုင်ကွန်မှာလည်း လတ်တလောတွင် ဒဏ်ရာမှ သက်သာလာစသာ ရှိနေသေးသည်။
Ref: Goal
soccer myanmar

No comments:

Post a Comment