Wednesday, October 31, 2012
တစ်လုံးတည်းရှိသည့် X-Ray စက်ကြောင့် ဆိပ်ကမ်း၌ Export& Import လုပ်သော အေးဂျင့်များ အခက်အခဲရှိနေ
ရန်ကုန်တိုင်းဒေသကြီး၏ Export&Import လုပ်ငန်းများ အတွက် အဓိကကျသော ဆိပ်ခံ တံတားများစွာရှိသည့်အနက် ကုန်သေတ္တာ အများအပြား ထုတ်ယူမှုရှိနေသော Asia World ဆိပ်ကမ်း၌ ကုန်သေတ္တာ စစ်ဆေးသည့် X -Ray စက်တစ်လုံး ထဲသာရှိသည့်အတွက် ကုန် သေတ္တာများလာရောက်ထုတ်ယူ ကာ လုပ်ငန်းများ၊အေးဂျင့်များ အနေဖြင့် အချိန်ကုန် လူပင်ပန်း စသည့် အခက်အခဲများရင်ဆိုင် နေရလျက်ရှိကြောင်း အေးဂျင့် တစ်ခုမှတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
““နိုင်ငံခြားကနေ တင်သွင်း လာတဲ့ ကုန်ပစ္စည်းအမျိုးမျိုးကို ပေ၄၀၊ပေ၂၀ ကုန်သေတ္တာတွေ ထဲမှာထည့် ပြီးဒီကိုရောက်တာနဲ့ အကောက်ခွန်ဦးစီးဌာနလက် အောက်မှာ အဆင့်ဆင့်စစ်ဆေးခံ ရပြီး နောက်ဆုံး X Ray စက်နဲ့ ဖြတ်သန်းအစစ်ဆေးခံဖို့ တာဝန် ကျ အကောက်ခွန်ဌာနက အရာ ရှိက Order ပေးပါတယ်။ ကား တွေကအများကြီး။ ဒါပေမဲ့ ကုန် သေတ္တာတွေကပုံနေတယ်။ စစ်ဆေးမယ့် X Ray စက် က တစ်လုံးတည်းရှိတယ်။ ဒီတော့ ကျွန်တော်တို့မှာ ဘယ်လိုအခက် အခဲတွေရှိလာလဲဆိုတော့ ဒီကုန်သေတ္တာတွေအတွက် ကားခ ရှိတယ်။ ကားသမားလိုင်းကြေးရှိ တယ်။ရက်ကြာရင်ကြာသလို သူတို့ ကိုပေးရတဲ့ငွေရှိတယ်။ နောက် ဒီ ကြန့်ကြာနေတဲ့ပစ္စည်းကို အခြေခံ ပြီး လုပ်ငန်းလုပ်ဖို့ ငှားထားတဲ့ အလုပ်သမားတွေရှိတယ်။ ဒါတွေ ဟာ အေးဂျင့်တိုင်း၊ ကုမ္ပဏီတိုင်း ခံစားနေရတာ””ဟု Asia World ဆိပ်ကမ်းရှိ အေးဂျင့်တစ်ဦးက Hot News ဂျာနယ်သို့ပြောကြား သွားခဲ့သည်။
လက်ရှိအနေအထားအရ Export&Import လုပ်ငန်းရှင်များ ၏ ယုံကြည်စွာအပ်နှံခြင်းခံရသော အေးဂျင့်များအနေဖြင့် X Ray စက်တစ်လုံးသာရှိခြင်းကြောင့် X-Ray ဖြတ်ရန် ကျန်ခဲ့ပါက တကယ်တမ်း နစ်နာဆုံးရှုံးသူများ မှာ လုပ်ငန်းရှင်များနှင့်အေးဂျင့် များပင်ဖြစ်ကာ ဆိပ်ကမ်းအေး ဂျင့်များထဲ၌မူ ဆိပ်ကမ်းပစ္စည်း ထုတ်ပါက X-Ray ပေါ်တွင် နှစ်ရက်ပဲဟူ၍ ပြောစမှတ်ဖြစ်နေ ကြကြောင်း သိရှိရသည်။
Hot News Weekly

No comments:
Post a Comment