Tuesday, October 2, 2012

တစ်ဦးချင်းအောင်မြင်မှုထက် ဘာစီလိုနာအသင်းနှင့် ဆုဖလားများ ရယူနိုင်ရေးကို အလေးထားသည်ဟု မက်ဆီဖွင့်ဟ

ဘာစီလိုနာ အသင်း၏ အောင်မြင်မှုကို ပိုမို အလေးထားသည့် မက်ဆီ
တစ်ဦးချင်း အောင်မြင်မှု ဆုတံဆိပ်များ ရယူနိုင်ရေးထက် ဘာစီလိုနာ အသင်းနှင့် ဆုဖလားများ ရယူနိုင်ရေးကို ပိုမိုအလေးထားကြောင်း မက်ဆီမှ ဖွင့်ဟ ပြောဆိုခဲ့သည်။
မက်ဆီသည် ကမ္ဘာ့ဘောလုံး သမိုင်း၏ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခြင်း ခံရမည့်သူ အဖြစ် အများစုမှ ထင်ကြေးပေးနေကြ သော်လည်း ယင်းအား လူအများက ဘောလုံးသမား တစ်ဦးအဖြစ် အမှတ်ရနေခြင်းထက် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အဖြစ် အမှတ်ရခြင်းကို ပိုမိုလိုလားကြောင်း ယင်း၏ ဖွင့်ဟချက်အရ သိရသည်။
“တစ်ဦးချင်း အောင်မြင်မှုနဲ့ စံချိန်သစ်တွေ တင်နိုင်ဖို့ထက် ဘာစီလိုနာ အသင်းနဲ့ ဆုဖလားတွေ ရယူနိုင်ဖို့ကို ကျွန်တော် ပိုပြီးလိုလားပါတယ်။ ကျွန်တော့်ကို ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား အဖြစ် မှတ်ယူနေခြင်းထက် လူကောင်းတစ်ယောက် အဖြစ် မှတ်ယူဖို့ကို ပိုပြီးလိုလားပါတယ်။ ကျွန်တော် အနားယူသွားတဲ့ အချိန်မှာ ကျွန်တော့်ကို လူကောင်းတစ်ယောက်လို့ အမှတ်ရနေတာကို လိုချင်ပါတယ်”ဟု မက်ဆီမှ သူ၏ စိတ်ခံစားချက်အား ဖွင့်ဟ ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment