ပေကျင်းမြို့အနီး ဘတ်စ်ကားမီးလောင်မှုဖြစ်ပွား
တရုတ်နိုင်ငံ
ပေကျင်းမြို့အနီး၌ အောက်တိုဘာ ၁ ရက်တွင် ကမ္ဘာလှည့်ခရီးသွား
ဘတ်စ်ကားတစ်စီး၏ နောက်မြီးနှင့် ကုန်တင်ထရက်ကားတစ်စီး တိုက်မိပြီး
မီးလောင်ကျွမ်းခဲ့ရကြောင်း သိရသည်။ အခင်းဖြစ်ပွားမှုကြောင့်
ဂျာမနီနိုင်ငံသား ငါးဦးနှင့် တရုတ်လူမျိုး ယာဉ်မောင်းတစ်ဦးတို့
သေဆုံးခဲ့ရပြီး အခြား ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိုက်မိသော ဘတ်စ်ကားသည် ပေကျင်းမြို့တွင် မှတ်ပုံတင်ထားခြင်းဖြစ်ပြီး
ဂျာမနီခရီးသွား အဖွဲ့တစ်ဖွဲ့ကို တင်ဆောင်လာရာ နံနက် ၈ နာရီခွဲခန့်တွင်
ထျန်းကျင်းမြို့နှင့် မြို့တော်ဆိပ်ကမ်းကို ဆက်သွယ်ထားသော
အဝေးပြေးလမ်းမပေါ်၌ တိုက်မိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။
khitlunge
No comments:
Post a Comment