Friday, October 12, 2012

နယူးဇီလန်၊ စင်ကာပူ၊ ဗြိတိန်၊ မလေးရှားနှင့် သြစတြေးလျနိုင်ငံများ နိုင်ငံတကာရေပြင်တွင် ပူးတွဲစစ်ရေး လေ့ကျင့်မှုပြုလုပ်


နယူးဇီလန်၊စင်ကာပူ၊မလေးရှားနှင့်သြစတြေးလျနိုင်ငံတို့ကပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို နိုင်ငံတကာ
ရေပြင်တွင် အောက်တိုဘာ ၈ ရက်မှ ၂၄ ရက်အထိ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း နယူးဇီလန်စစ်ဘက် အရာရှိများက အောက်တိုဘာ ၁၁ ရက်တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ နိုင်ငံများမှ ကြည်းတပ်၊ ရေတပ်နှင့် လေတပ် တပ်ဖွဲ့ဝင်များစုပေါင်းကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေခြင်းသည် ဒေသတွင်း လုံခြုံရေးနှင့် ကာကွယ်ရေးတို့အတွက်ဖြစ်ကြောင်း စင်ကာပူ စစ်ဘက်အရာရှိများက ပြောကြားသည်။ ထို့အပြင် ယခုပူးတွဲ စစ်ရေးလေ့ကျင့်မှု၌ သဘာဝဘေးဒဏ်များမှ ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေး၊ လူမှောင်ခိုမှုများနှင့် အခြားလူသားချင်း စာနာထောက်ထားမှု အကူအညီများအပြင် သင်္ဘောများ လုံခြုံရေးအတွက်လည်း ပါဝင်သည်။ ယခုအခါ သဘာဝပတ်ဝန်းကျင် မပျက်စီးရန် ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် တွေ့ဆုံဆွေးနွေးမှုများလည်း တိုးမြှင့်ပြုလုပ်ရန် ယင်းငါးနိုင်ငံတို့က သဘောတူညီထားကြသည်။
khitlunge

No comments:

Post a Comment