နယူးကာဆယ်နှင့် ပွဲစဉ်တွင် ပါဝင်နိုင်ဖွယ် ရှိနေသည့် စမောလင်း
နောက်ခံအတွင်းလူ စမောလင်းသည် ရာသီကြို
ခြေစမ်းပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ပြီးနောက် ယခုနှစ် ရာသီတွင် တစ်ပွဲမှ
ပါဝင်နိုင်ခြင်း မရှိခဲ့သော်လည်း ပြီးခဲ့သော အပတ်များက စတင်ကာ လေ့ကျင့်ခန်း
စတင်ပြုလုပ်နိုင်ခဲ့ပြီး ဖာဂူဆန်၏ ဖွင့်ဟချက်အရ နယူးကာဆယ်နှင့် ပွဲစဉ်တွင်
ယခုနှစ် ရာသီ၏ ပထမဆုံး ပွဲထွက် ကစားဖွယ် ရှိနေသည်။
“စမောလင်းက ပါဝင်နိုင်ချေ ရှိနေပေမယ့်
ဂျူံးစ် နဲ့ ဗီဒစ်တို့ကတော့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ယန်းကလည်း
နိုင်ငံတကာ ပွဲတွေကြောင့် ရပ်နားထားတဲ့ အချိန်မှာ လေ့ကျင့်ခန်း
ပြန်ဆင်းနိုင်ပါလိမ့်မယ်”ဟု ဖာဂူဆန်မှ ဖွင့်ဟပြောဆိုခဲ့သည်။
soccer weekly


No comments:
Post a Comment