ဂျူဗင်တပ် အသင်းတွင်သာ ကစားသမား ဘ၀ကုန်ဆုံးလိုနေသည့် မာချီစီယို
ဂျူဗင်တပ် လူငယ် အကယ်ဒမီမှ
ထွက်ပေါ်လာခဲ့သည့် မာချီစီယိုသည် (၂၀၀၇-၀၈) ဘောလုံးရာသီက အမ်ပိုလီ အသင်းသို့
အငှားဖြင့် သွားရောက် ကစားခဲ့ပြီး အသင်းသို့ ပြန်လည် ရောက်ရှိချိန်တွင်
အဓိက ကစားသမား တစ်ဦးအဖြစ် နေရာရခဲ့သူ ဖြစ်သည်။
“ကျွန်တော့်ကို ကျွန်တော်
အရမ်းငယ်နေတယ်လို့ ခံစားရပြီး ဂျူဗင်တပ် အသင်းနဲ့ စာချုပ်သစ်
ထပ်ချုပ်မှာပါ။ ကျွန်တော့်ရဲ့ အိပ်မက်က အဲဒါပါပဲ (၂၀၁၆)မှာ ကျွန်တော့်ရဲ့
စာချုပ်သက်တမ်း ကုန်းဆုံးခဲ့ရင် ဂျူဗင်တပ် အသင်းက နောက်ထပ် (၅)နှစ်
သက်တမ်းတိုး စာချုပ်နဲ့ ကမ်းလှမ်းဖို့ပါပဲ”ဟု မာချီစီယိုမှ ဖွင့်ဟ
ပြောဆိုခဲ့သည်။
မာချီစီယိုမှ ဆက်လက်ပြီး ယင်းအား
ဂျာရတ်နှင့် ခိုင်နှိုင်းပြောဆိုမှုများကို သဘောကျကြောင်း ဂျာရတ်ကဲ့သို့
တစ်သင်းတည်းတွင်သာ ကစားသည့် ကစားသမားမျိုး ဖြစ်လိုကြောင်း ဖွင့်ဟ
ပြောဆိုခဲ့သည်။
soccer weekly

No comments:
Post a Comment